![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/da/Shakyamuni_Buddha_with_Avadana_Legend_Scenes_-_Google_Art_Project.jpg/640px-Shakyamuni_Buddha_with_Avadana_Legend_Scenes_-_Google_Art_Project.jpg&w=640&q=50)
မဟာယာန
ဗုဒ္ဓဘာသာ အယူဝါဒခွဲ / From Wikipedia, the free encyclopedia
မဟာယာနဂိုဏ်း (အင်္ဂလိပ်: Mahayana; သင်္သကရိုက်: महायान'; ကြီးမြတ်သောယာဉ် (သို့) လမ်းစဉ်) သည် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း၊ ကျမ်းစာ၊ အတွေးအခေါ် နှင့် ကျင့်စဉ်များပါဝင်သော ကြီးမားသည့် သာသနာအစုအဝေးကြီးဖြစ်၏။ ယခုအချိန်အထိ မဟာယာနဗုဒ္ဓဘာသာသည် ကမ္ဘာ့ဗုဒ္ဓဘာသာ(ထေရဝါဒအပါအဝင်)အသိုင်းအဝိုင်းတွင် လွှမ်းမိုးထားသည့် သာသနာတော်တစ်ခုဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် ဘီစီအီးတစ်ရာစုခန့်တွင်ပေါ်ပေါက်သည်ဟု သမိုင်းပညာရှင်များကဆိုသည်။
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
![](http://upload.wikimedia.org/wikipedia/commons/thumb/d/da/Shakyamuni_Buddha_with_Avadana_Legend_Scenes_-_Google_Art_Project.jpg/640px-Shakyamuni_Buddha_with_Avadana_Legend_Scenes_-_Google_Art_Project.jpg)
![ဗုဒ္ဓဘာသာ](http://upload.wikimedia.org/wikipedia/commons/thumb/b/b8/Gandhara_Buddha_%28tnm%29.jpeg/640px-Gandhara_Buddha_%28tnm%29.jpeg)
မဟာယာနဟူသောဝေါဟာရသည် ဗောဓိသတ္တဖြစ်ရေးနှင့် ဗုဒ္ဓဖြစ်ရေး လမ်းစဉ်တို့အား ရည်ညွှန်းထားခြင်းဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာတွင် အဓိကပန်းတိုင်ကြီးနှစ်ခုမှ မိမိကိုယ်ကို သံသရာတည်းဟူသောဒုက္ခပင်လယ်ထဲမှ ကယ်တင်ရန် နှင့် ဒုတိယမှာ မိမိနှင့်အတူ သံသရာထဲတွင်ဒုက္ခရောက်နေသော သတ္တဝါအပေါင်းကိုပါ နိဗ္ဗာန်သို့လမ်းပြပေးရမည်ဟူသော ကယ်တင်ခြင်းပန်းတိုင်တို့ဖြစ်သည်။
မဟာယာနဗုဒ္ဓဘာသာကို တစ်နည်းအားဖြင့်လည်း ဗောဓိသတ္တယာန၊ ဗုဒ္ဓယာန နှင့် ဧကယာန ဟုလည်းခေါ်ဆိုကြသည်။ အကြောင်းမူကား မဟာယာနယုံကြည်သူများက ထေရဝါဒဂိုဏ်းကဲ့သို့ အရဟတ္တ ရဟန္တာဖြစ်ရေးကို အစပထမဦးတည်ကျင့်သုံးသော်လည်း ကိလေသာအပြစ်များစင်ကြယ်၍ ရဟန္တာဖြစ်ခြင်းသည် သံသရာ၏ အဆုံးမဟုတ်ကြောင်းဆိုလေသည်။ ရဟန္တာအဖြစ်ဆိုက်ရောက်သော်အခါ ကိလေသာအညစ်အကြေးကင်းစင်သွားသော်လည်း ကြွင်းသောသတ္တဝါတို့အား တရားပြရန်သံသရာဝဋ်မှ ကယ်တင်ရန် ဗောဓိသတ္တကျင့်စဉ်များကို ကျင့်ကြံရမည်ဟု ဆိုထားပါသည်။ ထို့ကြောင့် ဧကယာနဟုခေါ်ဆိုရခြင်းဖြစ်ပြီး သဒ္ဓမ္မပုဏာရိကာသုတ္တံ(မဟာယာန)တွင် ဂေါတမဗုဒ္ဓသည် ရဟန္တာ ပစ္စေကဗုဒ္ဓ နှင့် ဗုဒ္ဓ ဖြစ်ခြင်းသည် ကွဲကွာနေသော ကျင့်စဉ်လမ်းစဉ်များမဟုတ်ကြောင်း ဗုဒ္ဓဖြစ်ရေးကိုသာဦးတည်နေကြခြင်းဖြစ်ကြောင်း တစ်ခုတည်းသောလမ်း ဧကယာနကြီးဖြစ်ကြောင်း ဟောကြားထားသည်ကို တွေ့မြင်ရပါသည်။
ဝဇီရယာန သည် မဟာယာန၏ အကိုင်းအခက်တစ်ခုဖြစ်ပြီး မြောက်မြားစွာသော ဗုဒ္ဓတန္တရကျင့်စဉ်များကို ကျင့်ကြသည်။ ဤနည်းလမ်းဖြင့် ဗုဒ္ဓဖြစ်ရန် ပို၍ လျင်မြန်သည်ဟုဆိုထားသည်။ ဝဇီရယာနကို အများသောအားဖြင့် တိဘက်တွင်တိုးတက်ပြန့်ပွားပြီး တခြားသော တရုတ်ပြည် နှင့် ဂျပန်ပြည်တွင်လည်း တမူထူးခြား ကိုးကွယ်ကြသူကျင့်ကြံသူ ရဟန်း၊ဥပသကာတို့လည်း ယနေ့တိုင်ရှိသေး၏ ။ အထူးသဖြင့် ဂျပန်ပြည်ရှိ ရှင်းဂွန်းဗုဒ္ဓဘာသာ(Shingon Buddhism)သည် ဝဇီရယာနကျင့်သောမဟာယာနဂိုဏ်းတစ်ခုဖြစ်လေသည်။
မူလအစပိုင်း၌ မဟာယာနအယူအဆသည် သေးငယ်သော်လည်း အိန္ဒိယမြောက်ပိုင်းဗုဒ္ဓဘာသာအဝန်းဝိုင်း၌ စွမ်းအားကြီးသော အားတစ်ရပ်ဖြစ်ခဲ့သည်။[1] နာလန္ဒာ၊ ဝိကရာမာရှိလာ (Vikramashila) ကဲ့သို့သော မဟာယာနနှင့် ဆက်စပ်သည့် ဗုဒ္ဓ တက္ကသိုလ်များ ပညာသင်ကြားရာနေရာများသည် ၇ ရာစုနှင့် ၁၂ ရာစုတို့တွင် ရှင်သန်ဖြစ်ထွန်းခဲ့ကြသည်။[1] သမိုင်းတစ်လျှောက်၌ မဟာယာနသည် တောင်အာရှ၊ အလယ်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှများသို့ ပြန့်နှံ့ခဲ့ကြ၍ ယနေ့ခေတ်တွင် တရုတ်၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှားနှင့် ဘူတန်တို့တွင် ဆက်လက်တည်ရှိ အားကောင်းကြသည်။[2]
အရှေ့အာရှဒေသ၌ မဟာယာန ဗုဒ္ဓဘာသာသည် ကိုးကွယ်သူ ၅၇% ဖြင့် အကြီးမာဆုံးသော ဂိုဏ်းကြီးတစ်ခုဖြစ်၍ ဝဇီရာယာနဂိုဏ်းက ၆%၊ ထေရဝါဒဂိုဏ်းက ၃၆% အသီးသီးရှိကြသည်။ (၂၀၁၀ စစ်တမ်းအရ)[3]