မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)
ဘုရားစေတီများ / From Wikipedia, the free encyclopedia
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိသည်။ မန္တလေး မဟာမုနိ ဘုရား ကို မဟာမြတ်မုနိဟူ၍ လည်းကောင်း၊ ဘုရားကြီးဟူ၍ လည်းကောင်း၊ ရခိုင်ဘုရားကြီးဟူ၍ လည်းကောင်း ခေါ်ကြသည်။ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ကြီး၏ ဘွဲ့အမည်မှာ မဟာမုနိ သာဖြစ်ပြီး မဟာမြတ်မုနိ မဟုတ်ပေ။[1]
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး | |
---|---|
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 21°57′6.73″N 96°4′43.03″E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | စန္ဒသူရိယမင်း |
ပြီးစီး | ၁၇၈၅၊ မီးသင့်ပြီးနောက် ၁၈၈၄ တွင် ပြန်လည်တည်ဆောက် |
ဓညဝတီ ခေါ် ရခိုင်မင်းနေပြည်တော်၌ ရခိုင်ဘုရင်အဆက်ဆက်တို့ ကိုးကွယ်ခဲ့သော မဟာမုနိ ရုပ်ပွားတော်မြတ်သည် ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီးလက်ထက် ဂေါတမြတ်စွာဘုရား ကိုယ်တော်တိုင် ရင်ငွေ့တော်ခုနစ်အုပ်ဖြင့်တည်ထားတော်မူသော ရခိုင်ပြည်၏ ကျက်သရေဆောင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါသည်။သို့ရာတွင် မသူတော်တို့က ကုန်းချောစစ်ပန်ခဲ့ရာ အမရပူရ ဘုရင် ဗဒုံမင်းသည်သားတော်ကြီး အိမ်ရှေ့မင်းဦးပေါ်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ် (၁၇၈၄ ခုနှစ်) တန်ဆာင်မုန်းလတွင် ရခိုင်ပြည်သို့ချီပြီးနောက် လုပ်ကြံသိမ်းပိုက်ရာမှ အမရပူရသို့ ပင့်ဆောင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။