မဟာဖောင်းပွမှု
စကြာဝဠာ၏ လျင်မြန်စွာ ပြန့်ကားမှု / From Wikipedia, the free encyclopedia
ရုပ်ပိုင်းဆိုင်ရာ စကြဝဠာဗေဒတွင် မဟာဖောင်းပွမှုသည် စကြဝဠာအစောပိုင်းကာလ၌ အာကာသဖောင်းပွမှုကို ဖော်ညွန်းသော သီအိုရီဖြစ်သည်။ ဖောင်းပွမှုသည် မဟာပေါက်ကွဲမှုအပြီး ၁၀-၃၆ အထိ ကြာခဲ့သည်။ မဟာဖောင်းပွမှုအပြီးတွင် စကြဝဠာသည် ဆက်တိုက်ဆိုသလို ကျယ်ပြန့်လာသော်လည်း အရှိန်နည်းပါးလာသည်။[1]
![]() | ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၆ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
မဟာဖောင်းပွမှု သီအိုရီသည် ၁၉၈၀ ခုနှစ်အစောပိုင်းကလများတွင် ဖွံ့ဖြိုးခဲ့သည်။ ယင်းသည် မဟာစကြဝဠာ၏ ကြီးကျယ်ပုံအား ရှင်းပြပေးသည်။ အင်မတန်သေးငယ်သော နယ်မြေမှ ကွမ်တမ် အတက်အကျများသည် စကြဝဠာ ကြီးထွားလာမှု၏ မျိုးစေ့ဖြစ်လာခဲ့သည်။[2] စကြဝဠာသည် အဘယ်ကြောင့် လားရာအတူတူ ဖြစ်ရသည်၊ ကော်စမစ် မိုက်ခရိုနောက်ခံလှိုင်းများသည် အညီအမျှ ဖြန့်ကျက်နေရသနည်း၊ စကြဝဠာ အဘယ်ကြောင့် ပြားချပ်ရသနည်း၊ အဘယ်ကြောင့် အစွန်းတစ်ဖက်တည်း သံလိုက်အား မရှာတွေ့သနည်း စသည်တို့ကို မဟာဖောင်းပွမှုက ရှင်းပြပေးသည်ဟု ရူပဗေဒပညာရှင်များက ယုံကြည်ကြသည်။ မဟာဖောင်းပွမှုနှင့်သက်ဆိုင်သည့် အမှုန်ရူပဗေဒ ယန္တယားကိုမူ မသိရပေ။ ဖောင်းပွမှု အခြေခံယူဆချက်များကို သိပ္ပံပညာရှင် အများစုက လက်ခံကြသည်။ ယင်းတို့သည် ကြိုတင်ခန့်မှန်းချက်များဖြင့် အတည်ပြုပြီးသည်ဟု ယုံကြည်သည်။[3] သို့သော်လည်း အနည်းစုကမူ သဘောမတူကြပေ။[4][5][6] ဖောင်းပွမှု၏ စနက်တံသည် အင်ဖလင်တွန် (inflaton) ဖြစ်ရမည်ဟု ယူဆသည်။[7]
၂၀၀၂ ခုနှစ်တွင် သီအိုရီ၏ ခရာကျသော ပညာရှင်များဖြစ်ကြသည့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ အလန် ဂုထ်၊ စတန်းဖို့ဒ်မှ Andrei Linde၊ ပရင်စတန် တက္ကသိုလ်မှ Paul Steinhardt တို့သည် သူတို့၏ ဆောင်ရွက်မှုများအတွက် စကြဝဠာဗေဒတွင် Dirac ဆုကို ရရှိခဲ့ကြသည်။[8]