![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e6/Kusinara.jpg/640px-Kusinara.jpg&w=640&q=50)
မဟာပရိနိဗ္ဗာန်စေတီတော်
From Wikipedia, the free encyclopedia
မဟာပရိနိဗ္ဗာန်စေတီတော် သည် ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုရာနေရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံပြည်ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ အလက်ဇန်းဒါး ကန်နင်ဟမ် (Alexander Cunningham) ထိုဒေသရှိ နေရာများကို လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ထိုနေရာသည် ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာနေရာဖြစ်ကြောင်း ဆိုခဲ့သည်။[1][2] ယခုလက်ရှိ ဘုရားကို အိန္ဒိယနိုင်ငံအစိုးရ ၁၉၅၆ ခုနှစ်တွင် မဟာပရိနိဗ္ဗာန်ပြုခဲ့သည့် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်။ စေတီတော်အ၏ အထဲတွင် မြောက်ဘက်သို့ ဦးခေါင်းပြုကာ လဲလျောင်းနေသည့် ရုပ်ပွားတော်တစ်ဆူ ရှိသည်။ ထိုရုပ်ပွားတော်သည် ၆.၁ မီတာ ရှည်ကာ ကျောက်ညောင်စောင်းတွင် လဲလျောင်းနေဟန်ဖြစ်သည်။[3]
အချက်တိုများ မဟာပရိနိဗ္ဗာန်စေတီတော်, အချက်အလက်များ ...
မဟာပရိနိဗ္ဗာန်စေတီတော် | |
---|---|
परिनिर्वाण स्तूप | |
![]() ကုသိနာရုံပြည်ရှိ မဟာပရိနိဗ္ဗာန်စေတီတော်နှင့် အဆောက်အဦ | |
အချက်အလက်များ | |
တည်နေရာ | Kushinagar, Uttar Pradesh |
ကိုဩဒိနိတ် | 26.741°N 83.888°E / 26.741; 83.888 |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
နိုင်ငံ | ![]() |
ဝက်ဘ်ဆိုဒ် | kushinagar.nic.in |
ဗိသုကာ | |
ပြီးစီး | 413-55 B.C.[1] |
ပိတ်ရန်