မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှု (၂၀၁၀)
From Wikipedia, the free encyclopedia
မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှုသည် ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရေနံထုတ်လုပ်ရေး သမိုင်းတွင် အကြီးမားဆုံးသော ရေနံယိုဖိတ်မှု တစ်ရပ်ဖြစ်သည်။ မက္ကဆီကို ပင်လယ်ကွေ့အတွင်းရှိ ဗြိတိသျှ ရေနံထုတ်လုပ်ရေး ကုမ္ပဏီ ဘီပီ (BP) အပိုင် ရေနက် မိုးကုတ်စက်ဝိုင်း (Deepwater Horizon) ကမ်းလွန်ရေနံတူးစင် ၂၀၁၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပေါက်ကွဲပြီးနောက် ရေနံစိမ်းများ ၃ လကြာ မစဲတမ်းယိုဖိတ်ခဲ့သည်။ ဇူလိုင်လ ၁၅ ရက်နေ့မှသာ ပင်လယ်ကြမ်းပြင်ရှိ ရေနံတွင်းဝကို ပိတ်ဆို့နိုင်ခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ရေနံတွင်း အလုပ်သမား ၁၁ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။
Deepwater Horizon oil spill | |
---|---|
The oil slick as seen from space by NASA's Terra satellite on 24 May 2010 | |
တည်နေရာ | Gulf of Mexico near Mississippi River Delta, United States |
ကိုဩဒိနိတ် | 28°44′17.30″N 88°21′57.40″W[1] |
အကြောင်းရင်း | Wellhead blowout |
ထိခိုက်ဒဏ်ရာရသူများ | 11 killed 17 injured |
မောင်းနှင်သူ | Transocean under contract for BP |
ထုထည် | ၄.၉ million barrels (၂၁၀,၀၀၀,၀၀၀ U.S. gallon; ၇၈၀,၀၀၀ ကုဗမီတာ) ±10%[2] |
ဧရိယာ | ၂,၅၀၀ to ၆၈,၀၀၀ sq mi (၆,၅၀၀ to ၁၇၆,၁၀၀ km2)[3] |
နေ့စဉ် ရေနံစိမ်း ပေပါ ၁ သောင်းကျော်မှ ၁ သိန်းခန့် ယိုထွက်ခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့ ရေပြင် စတုရန်း ကီလိုမီတာ ၂၅၀၀ ခန့်ကို ဖုံးလွှမ်းခဲ့ရာ အဏ္ဏဝါ ဂေဟစက်ကွင်းကို ထိခိုက်စေယုံသာမက ဒေသတွင်း ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ထိခိုက်စေသည်။