ဘဲ (မျိုးစု)
From Wikipedia, the free encyclopedia
ဘဲ ("Anas")[1] သည် ဘဲငန်း၊ ငန်း တို့နှင့်အတူ ဘဲမျိုးရင်း (Anatidae) ထဲတွင်ပါဝင်သော ငှက်မျိုးစု တစ်ခုဖြစ်သည်။ ၎င်းမျိုးစုထဲတွင် မွေးမြူရေး ဘဲများ၊ ဘဲခေါင်းစိမ်း၊ ဘဲကျားလေး၊ ဝမ်းဘဲ၊ ဘဲရစ်၊ ဘဲမြီးသွယ် အစရှိသော ဆက်နွယ်သည့် (ဘဲ)ငှက်မျိုးစိတ်များ ပါဝင်သည်။ ဘဲ(မျိုးစု)၏ သိပ္ပံအမည် (အင်္ဂလိပ်: Anas; အံနတ်စ်) ဟူသောအမည်မှာ လက်တင်ဘာသာစကားဖြစ်ပြီး "ဘဲ" ဟု အဓိပ္ပာယ်ရသည်။
အချက်တိုများ ဘဲ (မျိုးစု), မျိုးရိုးခွဲခြားခြင်း ...
ဘဲ (မျိုးစု) | |
---|---|
ဘဲပေါက်ကလေးများနှင့်အတူတွေ့ရသော ဘဲခေါင်းစိမ်း အမ တစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးဇာတ်: | Anatini |
မျိုးစု: | Anas လင်းနီးယပ်၊ ၁၇၅၈ |
အမျိုးအစား မျိုးစိတ် | |
(Anas platyrhynchos) ဘဲ လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးစိတ် | |
31 extant, see text | |
Synonyms | |
|
ပိတ်ရန်
ဘဲမျိုးစုတွင် ရှင်သန်ဆဲမျိုးစိတ်ပေါင်း ၃၁ မျိုး[2] ရှိပြီး ဘဲမျိုးရင်းဝင်များထဲတွင် အုပ်စုအကြီးဆုံး မျိုးစုလည်းဖြစ်သည်။