![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/84/Bobby_Charlton_Portrait.jpg/640px-Bobby_Charlton_Portrait.jpg&w=640&q=50)
ဘော်ဘီ ချားလ်တန်
အင်္ဂလိပ် ဘောလုံးသမားနှင့် မန်နေဂျာ / From Wikipedia, the free encyclopedia
ဆာ ရောဘတ် ချားလ်တန် (အင်္ဂလိပ်: Sir Robert Charlton; ၁၉၃၇ အောက်တိုဘာ ၁၁ မွေးဖွား) သည် အင်္ဂလိပ်ဘောလုံးသမားဟောင်း တစ်ဦးဖြစ်ကာ အလယ်တန်းတွင် ကစားခဲ့သည်။ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားများအနက် တစ်ဦးအဖြစ် သတ်မှတ်ယူဆကြသည်။[2] ၁၉၆၆ ကမ္ဘာ့ဖလားအနိုင်ရ အင်္ဂလန်အသင်းသားတစ်ဦးဖြစ်၍ ထိုနှစ်တွင် ဘောလောန် ဒေါရ် ဟုခေါ်သော ရွှေဘောလုံးဆု ရရှိခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်တွင် ကလပ်အသင်းဘဝတစ်ခုလုံးနီးပါး ကစားခဲ့ပြီး ထိုကလပ်တွင် တိုက်စစ်သန်သော ၎င်း၏ ပင်ကိုစရိုက်၊ အလယ်တန်းမှ ဘောလုံးပေးပို့မှု စွမ်းရည်၊ အလွန်တရာကောင်းမွန်သည့် အဝေးကန်ချက်များနှင့် ကြံ့ခိုင်မှု၊ သက်လုံကောင်းမွန်မှုတို့ကြောင့် ကျော်ကြားလာခဲ့သည်။ ၎င်း၏ ဘောလုံးသက်တမ်းအတွင် နှစ်ကြိမ်သာ သတိပေးခံခဲ့ရပြီး ပထမအကြိမ်မှာ ၁၉၆၆ ကမ္ဘာ့ဖလား၌ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရစဉ်ကဖြစ်၍ ဒုတိယအကြိမ်မှာ ပြည်တွင်လိဂ် ချဲလ်ဆီး အသင်းကို ယှဉ်ပြိုင်စဉ်ဖြစ်သည်။ ၎င်း၏ အကို တော်စပ်သူ ဂျက်ချားလ်တန်သည်လည်း အနိုင်ရ အင်္ဂလန်အသင်းသားတစ်ဦးဖြစ်ကာ လိဒ်စ် ယူနိုက်တက် အတွက် ခံစစ်မှူးနှင့် နိုင်ငံတကာ နည်းပြတစ်ဦးဖြစ်လေသည်။ နော့သမ်းဘာလန်း ခရိုင်(ကောင်တီ)၊ အရှင်တန်မြို့ (Ashington) တွင် ဖွားမြင်ခဲ့ပြီး ချားလ်တန်သည် ၁၉၅၆တွင် မန်ချက်စတာအသင်းတွင် စတင်ကစားခဲ့၍ နောက်ထပ် ရာသီနှစ်ခုအကျော်တွင် အသင်းတွင် ပုံမှန်နေရာရရှိခဲ့သည်။ ၁၉၅၈ မြူးနစ်ခ် လေယာဉ်ပျက်ကျမှု၌ အသက်မသေဘဲ ရှင်ကျန်ခဲ့သူတစ်ဦးဖြစ်၍ ၎င်းကို ဂိုးသမား ဟဲရီ ဂရက် (Harry Gregg) က ကယ်ဆယ်ခဲ့သည်။ ၁၉၆၅တွင် မန်ချက်အသင်းကို ပထမတန်း ဆုဖလားရရှိစေရန် ကူညီခဲ့ပြီးနောက် ၁၉၆၇တွင် နောက်ထပ် ပထမတန်း ဖလားကို အသင်းနှင့်အတူ ရရှိခဲ့သည်။ ၁၉၆၈၌ မန်ချက်စတာအသင်းကို ခေါင်းဆောင်နေရာယူ၍ ကစားခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား ကိုရရှိစေခဲ့သည်။ အသင်းသည်လည်း ထိုဆုကို ရရှိသော ပထမဆုံး အင်္ဂလိပ်ကလပ်အသင်း ဖြစ်ခဲ့သည်။
![]() မန်ချက်စတာမြို့တော်ခန်းမတွင် ၂၀၁၀ နိုဝင်ဘာ၌ ရှိသော ချားလ်တန် | ||||||||||||||||||
ကိုယ်ရေးအချက်အလက်များ | ||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမည် အပြည့်အစုံ | ရောဘတ် ချားလ်တန်[1] | |||||||||||||||||
မွေးသက္ကရာဇ် | (1937-10-11) ၁၁ အောက်တိုဘာ၊ ၁၉၃၇ (အသက် ၈၆) | |||||||||||||||||
မွေးရပ်ဇာတိ | Ashington, Northumberland, England | |||||||||||||||||
အရပ်အမြင့် | ၅ ft ၈ in (၁.၇၃ m) | |||||||||||||||||
ကစားသည့်နေရာ |
အလယ်တန်း တိုက်စစ် ရှေ့တန်း | |||||||||||||||||
လူငယ်ဘဝကလပ်များ | ||||||||||||||||||
East Northumberland Schools | ||||||||||||||||||
၁၉၅၃–၁၉၅၆ | မန်ချက်စတာ ယူနိုက်တက် | |||||||||||||||||
အကြီးတန်း ကစားသမား* | ||||||||||||||||||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† | |||||||||||||||
၁၉၅၆–၁၉၇၃ | မန်ချက်စတာ ယူနိုက်တက် | ၆၀၆ | (၁၉၉) | |||||||||||||||
၁၉၇၄–၁၉၇၅ | Preston North End | ၃၈ | (၈) | |||||||||||||||
၁၉၇၆ | Waterford | ၃ | (၁) | |||||||||||||||
၁၉၇၈ | Newcastle KB United | ၁ | (၀) | |||||||||||||||
၁၉၈၀ | Perth Azzurri | ၃ | (၂) | |||||||||||||||
၁၉၈၀ | Blacktown City FC | ၁ | (၁) | |||||||||||||||
စုစုပေါင်း | ၆၄၉ | (၂၁၁) | ||||||||||||||||
နိုင်ငံကိုယ်စားပြုအသင်း | ||||||||||||||||||
၁၉၅၃ | England Schoolboys | ၄ | (၅) | |||||||||||||||
၁၉၅၄ | England Youth | ၁ | (၁) | |||||||||||||||
၁၉၅၈–၁၉၆၀ | England U23 | ၆ | (၅) | |||||||||||||||
၁၉၅၈–၁၉၇၀ | အင်္ဂလန် အမျိုးသား ဘောလုံးအသင်း | ၁၀၆ | (၄၉) | |||||||||||||||
အုပ်ချုပ်ခဲ့သော အသင်းများ | ||||||||||||||||||
၁၉၇၃–၁၉၇၅ | Preston North End | |||||||||||||||||
၁၉၈၃ | Wigan Athletic (ယာယီ မန်နေဂျာ) | |||||||||||||||||
Honours
| ||||||||||||||||||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
ချားလ်တန်သည် နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့အတွက် စံချိန်တင် ဂိုးသွင်းယူသူဖြစ်၍ မန်ချက်ပတွက် စံချိန်တင် ပွဲထွက်ကစားသူဖြစ်ကာ အင်္ဂလန်အသင်းအတွက် ၎င်း၏ ပွဲထွက်စံချိန် (၁၀၆ပွဲ) ကို ဘော်ဘီ မောက ၁၉၇၃တွင် ချေဖျက်ခဲ့သည်။ မန်ချက်အတွက် ပွဲပေါင်း (၇၅၈)ပွဲစံချိန်သည် ၂၀၀၈ အထိ တည်တံ့ခဲ့ပြီး ရိုင်ယန် ဂစ်က ၂၀၀၈ ချန်ပီယံလိ ဗိုလ်လုပွဲ၌ ချေဖျက်ခဲ့သည်။[3] (၂၄၉) ဂိုးနှင့်အတူ ကလပ်အသင်း၏ လက်ရှိ ဒုတိယမြောက် ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ပြီး ဝေးန် ရူးနီ က ၎င်း၏ စံချိန်ကို ၂၀၁၇တွင် ကျော်ဖြတ်နိုင်ခဲ့သည်။ အင်္ဂလန်အသင်း၏ ဒုတိယမြောက် ထိပ်တန်းဂိုးသွင်းသူဖြစ်ဖြစ်ကာ ၎င်း၏ စံချိန် (၄၉) ဂိုးကို ရူးနီက ၂၀၁၅ တွင် စံချိန်ချိုးနိုင်ခဲ့သည်။
နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလား လေးကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀) တွင်ပါဝင်ခဲ့သော်လည်း ပထမ ၁၉၅၈ ၌ ကစားခွင့် မရခဲ့ချေ။ အနားယူချိန် ၁၉၇၀ တွင် နျုင်ငံအသင်း၏ အများဆုံး ပွဲထွက်ကစားသူဖြစ်ခဲ့၍ (၁၀၆) ပွဲဖြစ်သည်။ ထိုစံချိန်ကို ယခုထိ ကစားသမား ခြောက်ဦးက ချေဖျက်နိုင်ခဲ့သည်။ (၂၀၁၉ နိုဝင်ဘာလ အထိ)
မန်ချက်စတာအသင်းမှ ထွက်ခွာ၍ ၁၉၇၃-၇၄ ရာသီအတွက် ပရက်စ်တန် နော့သ်အန့်ဒ် (Preston North End) ၏ မန်နေဂျာဖြစ်လာခဲ့သည်။[4] ထိုရာသီပြီးနောက် ချားလ်တန်သည် နောက်ထပ်အလုပ်အကိုင်အတွက် ဝစ်ဂန် အသင်းကို ဒါရိုက်တာအဖြစ် လက်ခံခဲ့ကာ ထို့နောက် မန်ချက်စတာအသင်း၏ ဒါရိုက်တာအဖွဲ့ဝင်ရာထူးကို ၁၉၈၄တွင် ရရှိခဲ့သည်။[5] ၂၀၁၈-၁၉ ရာသီအထိ ထိုရာထူးဖြင့် ဆောင်ရွက်လျက် ရှိသည်။[updating needed][6]