ဘား (ဂီတ)
From Wikipedia, the free encyclopedia
ဂီတသင်္ကေတတွင် ဘား (အင်္ဂလိပ်: Bar) ဆိုသည်မှာ စည်းချက်၏ အစိတ်အပိုင်းဖြစ်သော ဘိ(တ်) (beat) များကိုစုစည်းထားသောနေရာဖြစ်သည်။ ဘားတစ်ခု၏ဘောင်ကို ဒေါင်လိုက်မျဉ်းကလေးဖြစ်သော ဘားလိုင်း (Barline) ဖြင့်ပြသည်။ ဘားများရှိခြင်းကြောင့် သီချင်းတစ်ပုဒ်၏အပိုင်းများကို လွယ်လွယ်ကူကူရှာဖွေနိုင်ပါသည်။[1]
သီချင်းတစ်ပုဒ်တွင် ဘားများမြောက်မြားစွာပါရှိသည်။ ဘားတစ်ခုမှတ်ရာတွင် စည်းချက်သင်္ကေတ (Time Signature) ကိုကြည့်၍သတ်မှတ်သည်။ သာဓကအားဖြင့် စည်းချက်သင်္ကေတ "4/4" ဟုပြထားလျှင် ဘိ(တ်)လေးချက်ရောက်ပြီးတိုင်း ဘားလိုင်းတစ်ခုဆွဲသည်။ အချို့သီချင်းများတွင်မူ ပထမဆုံးဘားတွင် ဘိ(တ်)အပြည့်မပါရှိတတ်ပေ။ ဤကဲ့သို့သော ဘားမျိုးကို အင်္ဂလိပ်ဘာသာတွင် "anacrusis" သို့မဟုတ် "pick-up measure" ဟုခေါ်သည်။