From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၏ ပထမဆုံးပန်းချီအသင်းဖြစ်သော ဘားမားအတ်ကလပ်ကို ၁၉၁၈ ခုနှစ်တွင် စတင်တည်ထောင်သည်။ [1] တည်ထောင်သူများမှာ ပါမောက္ခ ကေအမ်ဝါဒ်၊ မီးရထားမင်းကြီး အေမာတင်ဂျုံး၊ ကင်းထောက်မင်းကြီး အီးဂျီကင့်ချ် စသည့် ပန်းချီပညာရှင်များနှင့် မြန်မာပန်းချီဆရာ ဦးဘဉာဏ်၊ ဦးဘဇော်၊ ဦးသက်ဝင်း၊ ဦးစံဝင်း၊ ဦးသာထွန်းတို့ဖြစ်သည်။ ဘားမားအပ်ကလပ်အသင်းသားများသည် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ ကလပ်တွင် တွေ့ဆုံကြပြီး ပန်းချီရေးခြင်း၊ ပန်းချီသင်ပေးခြင်းတို့ကို ပြုလုပ်ကြသည်။