ဘားကုဒ်
From Wikipedia, the free encyclopedia
Barcode- ဆိုသည်မှာ အလင်းဖြင့်ထိုးပြီး စက်ဖြင့် ဖတ်နိုင်သော အချက်အလက်ဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ဖက်မြင် ဘားကုဒ် (1D Barcode) နှင့် နှစ်ဖက်မြင် ဘားကုဒ်(2D Barcode) ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
တစ်ဖက်မြင် ဘားကုဒ်များတွင် အချက်အ လက်များကို ဒေါင်လိုက်လိုင်း များတွေအဖြစ် နေရာလွတ်ခြား ပြီးချထားသည်။ နှစ်ဖက်မြင် ဘားကုဒ်များတွင် လေးဒေါင့်ပုံ၊ အစက်ပုံ၊ ခြောက် ဒေါင့်ပုံနဲ့အခြားသော ဂျော်မထရီ ပုံစံရုပ်ပုံလေးတွေ အဖြစ်လည်း ရှိတတ်ပါတယ်။ တစ်ဖက်မြင် ဘားကုဒ်များကို ရှေးယခင်ကပင် သုံးစွဲခဲ့ကြပြီး လူသိများသည်။ နှစ်ဖက်မြင် ဘားကုဒ်များတွင် အချက်အလက်များကို နေရာကျဉ်းကျဉ်းဖြင့် အမြောက်အမြား သိမ်းဆည်းနိုင်သောကြောင့် ယခု အခါ ပိုမို သုံးစွဲလာကြသည်။
Barcode ကိုပထမဆုံးသုံး တာက ကားတွေမှာအမှတ်တံဆိပ် လုပ်ဖို့ပါ။ သို့ပေမယ့် စီပွားရေး အတွက် အောင်မြင်မှုမရှိခဲ့တာ ကြောင့် စူပါမားကတ်တွေရဲ့ ငွေ ရှင်းစနစ်တွေမှာ အစားထိုးသုံးစွဲ လာကြပါတယ်။ Barcode တွေကို optical scanner လို့ခေါ်တဲ့ barcode reader များနှင့်ဖတ်ရှုနိုင်သလိုအ ထူးပြုလုပ်ထားတဲ့ဆော့ဖ်ဝဲများနှင့် လည်း scan ဖတ်ပြီးအသုံးပြုနိုင်ပါ တယ်။
Barcode ကို 1952 ခုနှစ် အောက်တိုဘာလ ရ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်မူပိုင်ခွင့်တင် ခဲ့တာဖြစ်ပါတယ်။ Barcode ကို ၁၉၄၈ခုနှစ်မှာ Bernard Silver ဆိုသူကျောင်း သားကသူ၏သူငယ်ချင်းများနှင့်စု ပေါင်းတည်ထွင်ခဲ့ကြတာဖြစ်ပါ တယ်။ Silver ဟာ ဒေသတွင်း အ စားအစာလုပ်ငန်းဆိုင်ရာ ဥက္ကဋ္ဌ က ထုတ်ကုန်များရဲ့သတင်းအ ချက်အလက်ကို အလိုအလျောက် မှတ်တမ်းတင် စစ်ဆေးနိုင်မည့် စနစ်တစ်ခုရချင်တယ်ဟု သုတေ သီတစ်ဦး ကိုပြောသံကြားရာမှ ယခုကဲ့သို့ပြုလုပ်ရန် အကြံရရှိခဲ့ ခြင်းဖြစ်ပါတယ်။ ပထမပိုင်းတွင် ultraviolet မင်ကို သုံးစွဲခဲ့တဲ့ အတွက်ဈေးအလွန်ကြီးမားခဲ့ပါ တယ်။ တဖြည်းဖြည်းပိုမိုကောင်းမွန်စေရန် ကြံစတီထွင်ကြရင်းမှ ယ နေ့သုံးစွဲသော Barcode ပုံစံကိုရ ရှိလာကြတာဖြစ်ပါတယ်။
ဘားကုဒ်အမျိုးမျိုး