ဘရန်ဒီ
ဝိုင်ကို ပေါင်းခံခြင်းဖြင့် ထုတ်လုပ်ထားသော အရက် / From Wikipedia, the free encyclopedia
ဘရန်ဒီဆိုသည်မှာ ဝိုင်အရက်ကို ပေါင်းခံရာမှာ ရရှိသော အရက်တစ်မျိုး ဖြစ်သည်။ ဝိုင်အရက်ကို စပျစ်သီးများကို ကစော်ဖောက်ခြင်းမှ ရရှိနိုင်သည်။ ဘရန်ဒီတွင် အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အထိ ပါဝင်လေ့ ရှိပြီး ပုံမှန်အားဖြင့် ညစာစားပြီး သောက်သုံးရန် အဖျော်ယမကာ အဖြစ် သုံးစွဲလေ့ ရှိကြသည်။ ဘရန်ဒီအများစုကို သစ်သားပုံးများ အတွင်း နှစ်ချို့အောင် ထားလေ့ ရှိကြသော်လည်း အများစုမှာမူ အရောင်ဆိုးခြင်းဖြင့် နှစ်ချို့သော အရက်များနှင့် တူအောင် ပြုလုပ်လေ့ ရှိကြသည်။
ဘရန်ဒီကို စပျစ်သီးမဟုတ်သော အခြား သစ်သီးများကို ကစော်ဖောက်ခြင်းမှလည်း ပြုလုပ်နိုင်သည်။