![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4f/Crowded_Bund_on_summer_evening.jpg/640px-Crowded_Bund_on_summer_evening.jpg&w=640&q=50)
ဘန်း ၊ ရှန်ဟိုင်း
From Wikipedia, the free encyclopedia
ဘန်း သို့မဟုတ် ဝိုင်တန် (အဓိပ္ပာယ် အားဖြင့် အပြင်ဘက် ကမ်းခြေ) သည် ရှန်ဟိုင်းမြို့ လယ်တွင် ရှိသော ကမ်းနား အရပ် တစ်ခု ဖြစ်သည်။ ဤနေရာသည် ယခင် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ အခြေချနေထိုင်ရာနေရာ အတွင်းရှိ ကျောင်ရှန်း လမ်း (အရှေ့ ကျောင်ရှန်းလမ်းအမှတ် ၁) ၏အစိတ်အပိုင်းတစ်ခုတွင် ဗဟိုပြု၍ တည်ရှိသည်။ ၎င်းသည် ဟွမ်ပု ခရိုင် ၏အရှေ့ဘက်ခြမ်းရှိ ဟွမ်ပုမြစ် အနောက်ဘက် မြစ်ကမ်းပါး တစ်လျှောက်တွင် ရှိသည်။ မြစ်ကမ်းနား တလျှောက် နေရာသည် ပူဒုံး ခရိုင် လူကျားအွီ ရှိ ခေတ်သစ် မိုးမျှော်တိုက်များနှင့် မျက်နှာချင်းဆိုင် တည်ရှိသည်။ အများအားဖြင့် ဘန်းဆိုသည်မှာ လမ်း၏ ဤအပိုင်းရှိ အဆောက်အဦးများနှင့် ဆိပ်ခံတံတားများနှင့် အနီးအနားရှိ နယ်မြေအချို့ကို ရည်ညွှန်းသည်။ ၁၈၆၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ ရှန်ဟိုင်းရှိ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာ ကြီးမားသော နိုင်ငံခြားသားတို့ အခြေချရာ နေရာ အဖြစ် တည်ရှိခဲ့ပြီး စာချုပ်အရ တရားဝင်အကာအကွယ်ပေးထားသော ဆိပ်ကမ်း အဖြစ် လည်ပတ်ခဲ့သည်။ :
![A wide curving walkway along a body of water to the right, crowded with many people and some large orange umbrellas underneath a sky colored by sunset. To the left of the walkway are light brownish-grey stone buildings in various late-19th and early-20th-century architectural styles, with taller buildings in the distance.](http://upload.wikimedia.org/wikipedia/commons/thumb/4/4f/Crowded_Bund_on_summer_evening.jpg/640px-Crowded_Bund_on_summer_evening.jpg)
![A map showing a river coming up from the bottom right and curving toward the right about two-thirds of the way up where another, smaller river joins from the left. On the left of the river is a complex network of streets with some parks; on the right are some property lines.](http://upload.wikimedia.org/wikipedia/commons/thumb/1/12/Shanghai_1933.jpg/640px-Shanghai_1933.jpg)