![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/08/Bangkok_Skytrain_2011.jpg/640px-Bangkok_Skytrain_2011.jpg&w=640&q=50)
ဘန်ကောက် မိုးပျံရထား
ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ပြေးဆွဲပေးနေသောတံတားမြင့်အမျိုးအစား အမြန်ရထားစနစ် / From Wikipedia, the free encyclopedia
ဘန်ကောက်မိုးပျံရထား(အင်္ဂလိပ်: Bangkok Mass Transit System(BTS or the Skytrain) ထိုင်း: รถไฟฟ้า) သည်ဘန်ကောက်မြို့၏မြင့်မားသော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည်။မြောက်ဘက်နှင့် အရှေ့ဘက်သို့ပြေးဆွဲရာ ဆူခူဗစ်လိုင်းနှင့် ဘန်ကောက်၏စီးပွားရေးဇုန်ဖြစ်သော ဆိုင်မွန်နှင့် ဆသန်ဘက်သို့ပြေးဆွဲရာ ဆိုင်မွန်လိုင်းတို့ဖြစ်သည်။ ဆူခူဗစ်လိုင်းသည် မိုချစ်နှင့်ဆယ်မရွန်၊ဆိုင်မွန်လိုင်းသည် အမျိုးသားအားကစားရုံနှင့် ဘန်ဝတို့တွင် အစ~အဆုံးဖြစ်သည်။ မိုချစ်ဘူတာရုံသည် ဒွန်မောင်းလေဆိပ်မှထွက်လာသောဧည့်သည်များ၏ ရထားစီးရန်နေရာအစဖြစ်သည်။လေဆိပ်မှ အထူးဘတ်စ်ကားစီး၍ဤဘူတာ၌ရထားစီးကာလိုရာသို့သွားနိုင်သည်။ လိုင်း၂လိုင်းသည် အမျိုးသားအားကစားရုံအနီးရှိ "ဆိုင်ရမ်"ဘူတာတွင် လိုင်းပြောင်းကာစီးနင်းနိုင်သည်။
![]() | |||
Overview | |||
---|---|---|---|
Native name | รถไฟฟ้า | ||
ပိုင်ဆိုင်သူ | Bangkok Metropolitan Administration (in Bangkok) Mass Rapid Transit Authority of Thailand|Mass Rapid Transit Authority (outside Bangkok) | ||
ဒေသ | ဘန်ကောက်၊ ထိုင်းနိုင်ငံ | ||
ပို့ဆောင်ရေးအမျိုးအစား | လျင်မြန်သောပို့ဆောင်ရေး | ||
လမ်းကြောင်းအရေအတွက် | 2[1][2] | ||
ဘူတာရုံပေါင်း | ၃၅[1][2] | ||
နေ့စဉ်စီးနင်းသူ | 697,907[3] | ||
တည်ထောင်ခြင်း | |||
လည်ပတ်မှုစတင် | ၅ ဒီဇင်ဘာ ၁၉၉၉ | ||
စီမံခန့်ခွဲသူ | BTS Group Holdings | ||
ယာဉ်အရေအတွက် | ၅၂ | ||
နည်းပညာအချက်အလက် | |||
ပတ်လမ်းအရှည် | ၃၆.၄၅ km (၂၂.၆၅ mi)[1] | ||
လမ်းကြောင်းစံအတိုင်းအတာ | ၁၄၃၅ mm (4 ft 8 1⁄2 in) standard gauge | ||
Electrification | Third rail 750 V DC | ||
ပျမ်းမျှမြန်နှုန်း | ၃၅ km/h (၂၂ mph) | ||
အမြင့်ဆုံးမြန်နှုန်း | ၈၀ km/h (၅၀ mph) | ||
|
ထို့အပြင် ဘန်ကောက်မြို့သယ်ယူပို့ဆောင်ရေးတွင် မြေအောက်ရထား(MRT)နှင့် သုဝဏ္ဏဘူမိလေဆိပ်ရထားလိုင်း(SARL)တို့လည်းပါဝင်သည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/6/66/BKK_masstransit_map_2016-01.png/640px-BKK_masstransit_map_2016-01.png)