![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/my/thumb/4/42/UBaNyan2.jpeg/640px-UBaNyan2.jpeg&w=640&q=50)
ဘဉာဏ် (ပန်းချီဆရာ)
မြန်မာ ပန်းချီဆရာ (၁၈၉၇-၁၉၄၅) / From Wikipedia, the free encyclopedia
ပန်းချီကို အနောက်တိုင်းစနစ်ဖြင့် ရေးဆွဲရာတွင် အနာက်တိုင်း ပန်းချီကျော်ကြီးများ၏ အဆင့်အတန်းကိုမီသော မြန်မာပန်းချီကျော်ကြီးကား ဦးဘဉာဏ်ပေတည်း။ ဦးဘဉာဏ်သည် မြန်မာ့ပန်းချီ လောက၏ ရှေ့ဆောင်လမ်းပြ တစ်ဦးလည်း ဖြစ်သည်။ ဦးဘဉာဏ်၏ ခေတ်မတိုင်မီက မြန်မာ ပန်းချီလောကသည် ပန်းချီနှင့် ပိုစတာကို မခွဲခြားနိုင်သေးသော အခြေအနေ၊ အလှသက်သက်သာ မှုန်းခြယ်တတ်သေးသော အခြေအနေတွင် ရှိနေခဲ့သည်။ ဦးဘဉာဏ်၏ ရှေ့ဆောင်လမ်းပြမှုကြောင့် မြန်မာပန်းချီလောကတွင် ဆီဆေး၊ ရေဆေး၊ မင်၊ ခဲ၊ အက်ချင်း၊ ပိုစတာ၊ ဒီဇိုင်းစသည်တို့ကို ခွဲခြားနားလည်ကာ သရုပ်ခွဲ ရေးဆွဲနိုင်အောင် တိုးတက်လာကြသည်။ စံပြပုံများ ရေးဆွဲခြင်း၊ သဘာဝကို လေ့လာရေးဆွဲခြင်းတို့ကိုလည်း ဆောင်ရွက်လာကြသည်။ ဦးဘဉာဏ်သည် ပြည်ပိုင် ဗြိတိသျှ အစိုးရက နိုင်ငံခြားသို့အစိုးရစရိတ်ဖြင့် ပညာတော်သင်များ ရှားရှား ပါးပါး စေလွှတ်နေသည့်ခေတ်တွင် အင်္ဂလန်ပြည်စသော အနောက်တိုင်းသို့ ၂ ကြိမ်တိုင်အောင် ပညာတော်သင်အဖြစ် သွားရောက်၍ ပန်းချီပညာကို လေ့လာဆည်းပူးနိုင်ခဲ့သော ပန်းချီပါရမီရှင်ကြီး တစ်ဦးဖြစ်ပေသည်။
ဦးဘဉာဏ် | |
---|---|
![]() ပန်းချီဆရာကြီး ဦးဘဉာဏ် | |
မွေးဖွား | ၁၈၉၇−ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက် ပန်းတနော်မြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၁၂ အောက်တိုဘာ ၁၉၄၅ (အသက် ၄၈) |
နိုင်ငံလူမျိုး | မြန်မာလူမျိုး |
ပညာရေး | ဘားမားအတ်ကလပ်၊ တော်ဝင်အနုပညာကောလိပ် (လန်ဒန်), Yellow Door School |
ကျော်ကြားမှုအရင်းခံ | ပန်းချီဆွဲခြင်း |
နိုင်ငံရေး လှုပ်ရှားမှု | Rangoon School |
![Thumb image](http://upload.wikimedia.org/wikipedia/my/0/01/U_Ba_Nyan1937.jpg)
ပန်းချီဆရာကြီး ဦးဘဉာဏ်ကို ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် အဖ ဦးဘအို အမိ ဒေါ်ညိုတို့မှ ပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။ မြန်မာအနုပညာရှင် ဦးဘိုးမောင်ထံမှ ပန်းချီပညာ ကို အသက် ၁၄ နှစ်အရွယ်မှစ၍ လေးနှစ်တိုင် အောင် သင်ယူခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် မော်လမြိုင်မြို့ရှိ နော်မန်ကျောင်း၌ ပန်းချီပညာကို ဆက် လက်သင်ယူခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Royal College of Art ၌ ပန်းချီ ပညာသင်ယူပြီး ၁၉၂၂ ခုနှစ်တွင် Spenlove School of Modern Painting (Yellow Door Studio) ၌ ဆက်လက်၍ ပညာသင်ယူခဲ့သည်။
၁၉၂၄ ခုနှစ်တွင်Royal Etcher အောင် လက်မှတ်ကို လန်ဒန်မှ ရရှိခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်ကောလိပ်တွင် အနုပညာသင်ကြားသူဆရာအဖြစ် အလုပ်လုပ် ကိုင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်သွားရပြီး ဥရောပနိုင်ငံများသို့ လှည့်လည်၍ ပန်းချီရေးဆွဲရင်း ပန်းချီပညာကို ဆက်လက်ဆည်း ပူးခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ပန်းချီဆရာကြီး ဦးဘဉာဏ်သည် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။
ပန်းချီဆရာကြီး ဦးဘဉာဏ်သည် အနောက်တိုင်းအကယ်ဒမစ်ပန်းချီကို တည်ထောင်သူနှစ်ဦး အနက်မှတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဦးဘဇော် (၁၈၉၁-၁၉၄၃)ဖြစ်သည်။ ထို့အပြင် သုတေသီ ရာမညကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း စာအုပ်ရှိ ကိုလိုနီခေတ် ဘိလပ်ရောက် မြန်မာပန်းချီဆရာ များ၊ အခန်း(၄)၌ (ဆရာဦးဘဉာဏ်သည်)မြန်မာ့ ပန်းချီလောကတွင် ဆီဆေးရေးနည်းတစ်ခေတ် ဆန်းသစ်ထူထောင်ခဲ့သူဖြစ်သည်။ ဆရာကြီး၏ ဆီဆေးရေးချက်နှင့် ဓားချက်ကိုမှီသူ မပေါ်သေးပေ ဟု ရေးသားဖော်ပြထား သည်။
ထို့အပြင် (ဆရာဦးဘဉာဏ်သည်) မြန်မာ့ ပန်းချီလောကတွင် ရှေ့ဆောင်ဖြစ်လာပြီး ရေဆေး၊ ဆီဆေး၊ မင်၊ ခဲ၊ ကြေးပုံနှိပ်(Etching)၊ ပိုစတာ၊ ဒီဇိုင်း စသည့်တို့ကို ခွဲခြားနားလည်၍ တိုးတက် လာသည်။ စံပြလူပုံ ရေးဆွဲခြင်း၊ သဘာဝပုံများ ရေးဆွဲခြင်းများလည်း ပေါ်လာသည် ဟု ဆက် လက်ရေးသား ဖော်ပြထားသည်။
ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ဂန္ထဝင်လက် ရာများ အထူးပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကိုယ့် မင်းကိုယ့်ချင်းလမ်း(ရေခဲဆိုင်ကားမှတ်တိုင်)ရှိ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပန်းချီပန်းပုခန်းမတွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြသခဲ့သည်။ [1]