ဘက်ရှ်မိသားစု
From Wikipedia, the free encyclopedia
ဘက်ရှ် မိသားစု (ဘာ့ခ် မိသားစု) သည် ဂျာမန်တေးရေးဆရာ ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ မျိုးရိုးဖြစ်သည်။ ဘားရော့ခ်ခေတ်နှင့်ကလက်ဆီကယ်ခေတ် တို့၏ဂီတလောကတွင် အရေးပါအရာရောက်သော မိသားစုလည်းဖြစ်သည်။
ထိုမိသားစုသည် သမိုင်းတစ်လျှောက် ဂျာမနီနိုင်ငံ၌သာနေထိုင်ခဲ့ကြပြီး ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏သားများအချိန်တွင်သာ ပြည်ပသို့သွားရောက်ခဲ့ကြသည်။ ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်မတိုင်မီကာလကပင် ထိုမိသားစုသည် ဥရောပတစ်ခွင် နာမည်ကြီးခဲ့ကြသည်။ အာရ်ဖတ်ထ်မြို့မှလာသော ဂီတပညာရှင်များကိုပင် "ဘက်ရှ်"ဟု တင်စားခေါ်ဝေါ်ကြသည်။