ဗိုလ်ချုပ်မှူးကြီး
မြန်မာ့တပ်မတော်၏အမြင့်ဆုံးရာထူး / From Wikipedia, the free encyclopedia
ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် "General of the Army" အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။
အချက်တိုများ ဗိုလ်ချုပ်မှူးကြီး Senior General, နိုင်ငံ ...
ဗိုလ်ချုပ်မှူးကြီး Senior General | |
---|---|
ဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်ဖွဲ့ | တပ်မတော် (ကြည်း) |
အတိုကောက် | ဗခမက၊ Sr Gen |
ရာထူးအုပ်စု | ခေါင်းဆောင်ပိုင်းအရာရှိ |
အဆင့်အတန်း | ကြယ်ငါးပွင့်အဆင့် |
နေတိုး အဆင့်အတန်းကုဒ် | OF-10 |
နေတိုးမဟုတ်သော အဆင့်အတန်း | ကြယ်ငါးပွင့်အဆင့် |
ဖန်တီး | ၁၈ မတ် ၁၉၉၀ |
အောက်အဆင့်ရာထူး | ဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး |
ပိတ်ရန်