From Wikipedia, the free encyclopedia
ဖြိုးပြည့်စုံ သည် မြန်မာ အမျိုးသား အဆိုတော်နှင့် ဆရာဝန်တစ်ဦး ဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင်း အဆိုပြိုင်ပွဲတစ်ခုဖြစ်သော သံစဉ်များနဲ့ကမ္ဘာ ၂၀၁၀ ခုနှစ် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် နာမည်ရလာခဲ့သည်။[1][2] သူ၏ ပထမဆုံးတေးစီးရီးဖြစ်သော မျှော်နိုင်သမျှ ကို ၂၀၁၅ တွင် ဖြန့်ချိခဲ့သည်။[3] ၂၀၁၈ ခုနှစ်တွင် အဆိုတော် အောင်ထက်နှင့် တွဲဖက်၍ ကြယ် တေးစီးရီးကို ဖြန့်ချိခဲ့သည်။[4]
ဖြိုးပြည့်စုံ | |
---|---|
မွေးဖွား | မြန်မာနိုင်ငံ |
နိုင်ငံလူမျိုး | မြန်မာ |
မိခင်ကျောင်း | ဆေးတက္ကသိုလ်(၁) ရန်ကုန် |
အလုပ်အကိုင် | အဆိုတော် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၀–လက်ရှိ |
ဖြိုးပြည့်စုံသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက်ရောက်သင်ကြားခဲ့သည်။[5][6][7]
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြိုးပြည့်စုံနှင့် အခြားနှစ်ဦးအား မူးယစ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး[8] နှစ်ရက်အကြာတွင် အထောက်အထားမခိုင်လုံသဖြင့် ပြန်လွှတ်ပေးခဲ့သည်။[9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.