ထိုင်းအဆိုတော် From Wikipedia, the free encyclopedia
ဖောန်နဖန်ဖောန်ထင်ဖီဖတ် (ထိုင်း: พรนับพัน พรเพ็ญพิพัฒน์ (ဂျွန်လ၊ ၂၅ရက်၊ ၁၉၉၇ဖွား) သည် နေးနေး (ထိုင်း: เนเน่) ဟု လူသိများသော တရုတ်ပေါ့ပ်အဆိုတော် နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ နေးနေးသည် ၂၀၂၀တွင် တန်စန်တီဗီကနေထုတ်လွင့်ခဲ့သော (chaung 2020) အဆိုအကပြိုင်ပွဲအား ပါဝင်ယှဉ်ပြီုင်ခဲ့ရာ ပြိုင်ပွဲအပြီးတွင် ရမှတ်အဆင့်(၅)အနေနဲ့ wajijiwa ဖျော်ဖြေရေးလုပ်ငန်း လက်အောက်ရှိ တရုတ်မိန်းကလေးပေါ့ပ်အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘွန်းဘွန်းဂဲး(လ်)၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဖောန်နဖန်သည် wajijiwa ဖျော်ဖြေရေးလုပ်ငန်း လက်အောက် ဘွန်းဘွန်းဂဲး(လ်)အဖွဲ့ဝင်အဖြစ်နှစ်နှစ်တာကာလ လှုပ်ရှားခဲ့ရာမှ (၂၀၂၂)ခုနှစ်တွင် အဖွဲ့စာချုပ်တရားဝင်သက်တမ်းပြည့်သွားပါသဖြင့် ဆိုနီ တေးဂီတ ဖျော်ဖြေရေး ကုမ္ပဏီ လက်အောက်ကနေ တစ်ကိုယ်တော်အဆိုတော်အနေဖြင့် ဆက်လက်လှုပ်ရှားနေခဲ့သည်။[1]
Nene | |
---|---|
ဖောန်နဖန်ရဲ့ ၂၀၁၉ တုန်းက ဓာတ်ပုံ | |
ဇာတိ အမည် | พรนับพัน พรเพ็ญพิพัฒน์ |
မွေးဖွား | Pornnappan Pornpenpipat ၂၅ ဇွန်၊ ၁၉၉၇ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ |
အခြား အမည်များ | Zheng Naixin, Nene |
ပညာရေး | King Mongkut's University of Technology North Bangkok |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | 2015–လက်ရှိ |
ကိုယ်စားလှယ် | Beijing Huaying Yixing Culture Media Co., Ltd. |
ကျော်ကြားမှုအရင်းခံ | ဘွန်းဘွန်းဂဲး(လ်) ၃၀၃ အဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း |
အရပ် | ၁၆၄ စင်တီမီတာ |
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ | vocals |
တက်ကြွသည့်နှစ်များ | ၂၀၁၅–လက်ရှိ |
နေးနေးသည် အသက်(၁၆)နှစ်အရွယ်မှာပင် ထိုင်းနိုင်ငံ၏ နာမည်ကြီးအဆိုပြိုင်ပွဲဖြစ်သော (True Academy Fantasia Season-10)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးပြိုင်ပွဲဝင်(၁၂)ယောက်ရွေးထုတ်သည့်အတွင်း နေးနေးသည် အဆင့်(၁၂)သင်တန်းသူဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များအတွင်း နေးနေးသည် အသက်အငယ်ဆုံးသော ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ဂျီအမ်အမ်ဖျော်ဖြေရေးကုမ္ပဏီက ထူထောင်ပေးခဲ့သော ထိုင်းပေါပ်မိန်းကလေးမိုက်ရှိတ်အဖွဲ့ဝင်တစ်ယောက်အနေဖြင့် (၂၀၁၅) ကနေ (၂၀၁၆) ထိ အနုပညာလှုပ်ရှားမှုရှိခဲ့သည်။ (Lat mat3) ဟူသော ဗီယက်နမ်ရုပ်ရှင်တွင်လည်း အဓိကဇာတ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး (The doll)ဟူသော တရုတ်ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် (Teenage Mom) ဟူသော ထိုင်းစီးရီးမှာလည်း ဖွန်ဟူသောဇာတ်ကောင်ဖြင့် ဇာတ်ကူသရုပ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် တရုတ်ဖျော်ဖြေရေးကုမ္ပဏီ အိုက်ချီယိက ထုတ်လွင့်ပြသခဲ့သော (Nice to meet Ufo)စီးရီးတွင်လည်း ချင်ဟူသောဇာတ်ကောင်ဖြင့် အဓိကဇာတ်ဆောင်အနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ (2geather) ဟူသော ထိုင်းစီးရီးတွင်လည်း တေးဂီတအဖွဲ့က ပီအဲယားဟူသောဇာတ်ကောင်ဖြင့် ဇာတ်ကူသရုပ်ဆောင်အနေနှင့် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးသည်။ (Longkhong)ထိုင်းစီးရီးတွင်လည်း P' aya ဟူသောဇာတ်ကောင်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၂၀ခုနှစ်တွင် ထန်စန်ဗီဒီယိုက ထုတ်လွင့်ပြသခဲ့သော့ တရုတ်ပေါပ်မိန်းကလေးအဖွဲ့ထူထောင်ရေးပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၂၀၂၀ခုနှစ်၊ ၇လ၊ ၄ရက်နေ့) ပြိုင်ပွဲနောက်ဆုံးနေ့တွင် ပဥ္စမအဆင့်နေရာရကာ ဘွန်းဘွန်းမိန်းကလေး ၃၀၃အဖွဲ့ဝင်အနေဖြင့် တရားဝင်ပွဲဦးထွက်ခဲ့သည်။ နေးနေး၏ပရိသတ်အမည်သည် နီယွန်အက်တမ်(Neon atom)ဖြစ်ပြီး နေးနေးကိုယ်စားပြုအရောင်သည် ဇော်မွှားပန်းရောင် (Pink Carnation) ဖြစ်သည်။ နေးနေးသည် ဝါးကျီးကျီးဝါးကုမ္ပဏီလက်အောက် ဘွန်းဘွန်းမိန်းကလေး ၃၀၃ အဖွဲ့နှင့် ၂နှစ်တာကာအတွင်း လက်တွဲခဲ့ရာ (၂၀၂၂)ခုနှစ်တွင် ချုပ်ဆိုထားသောအဖွဲ့စာချုပ်တရားဝင်သက်တမ်းပြည့်သွားပြီး အဖွဲ့အား တရားဝင်ဖျက်သိမ်းသွားပါသဖြင့် ဆိုနီတေးဂီတဖျော်ဖြေရေးကုမ္ပဏီနှင့် ဆက်လက်စာချုပ်ချုပ်ပြီး တစ်ကိုယ်တော်အဆိုတော်အနေဖြင့် အနုပညာအလုပ်များ ဆက်လက်လှုပ်ရှားနေခဲ့သည်။
ခေါင်းစီး | ခုနှစ် | Peak (TME Uni Chart) | အယ်လ်ဘမ် | |
---|---|---|---|---|
CHN | Score | |||
"Promise" 約定[2] |
2022 | — | — | Non-Album Single |
"Love, Love" 愛呀愛呀 |
— | — | Non-Album Single | |
"One Sunny Day" 某一个晴天 |
— | — | Non-Album Single | |
"Tenderness with the World" 与世界温柔相处 |
— | — | Non-Album Single | |
"Forgotten" 被遺忘的故事 |
2023 | — | — | Gentle on My Mind |
"All about that day" | ||||
My star |
Year | Chinese Title | Notes | Ref. |
---|---|---|---|
2022 | "See You Tomorrow" 明天见 |
"Fantasy Garden" 5th Anniversary Theme Song | [3] |
"I Guess You Are Heartbeating Too" 我猜你也心动 |
"Mr.Bad" OST Soundtrack |
Year | Title | Role | Notes | Ref. |
---|---|---|---|---|
2015 | Talk Talk | DJ |
ခုနှစ် | ခေါင်းစီး | ဇာတ်ကောင် | မှတ်ချက် | Ref. |
---|---|---|---|---|
၂၀၁၇ | Lat Mat 3: Ba Chang Khuyet | ခရစ္စတင်း | ဇာတ်ဆောင် | [4] |
ခုနှစ် | ခေါင်းစီး | ဇာတ်ကောင် | မှတ်ချက် | Ref. |
---|---|---|---|---|
2017 | Teenage Mom | ဖွန် | ဇာတ်လိုက် | |
2019 | Nice To Meet UFO | ချင် | ဇာတ်ဆောင် | [5] |
2020 | 2gether | အဲယား | ဇာတ်လိုက် | |
Long Khong | Aya | |||
2023 | Confess Your Love | လင်းချန်/ လင်းဝမ် | ဇာတ်ဆောင် | |
TBA | Insect Detective: Season 2 | TBA |
ခုနှစ် | ခေါင်းစီး | ဇာတ်ဆောင် | မှတ်ချက် | Ref. |
---|---|---|---|---|
2013 | True Academy Fantasia 10 | Contestant | ||
2020 | Produce Camp 2020 | Contestant | Competition show determing BonBon Girls 303 members | |
2021 | Produce Camp 2021 | International Assistant Mentor | ||
2022 | Masked Dancing King | Guest | Episode 7 & 8 |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.