ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှု
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းတူးဖော်သည့် နေရာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျကာ လူပေါင်း ၁၁၆ ဦးသေဆုံးပြီး ၁၀၀ ကျော်ခန့် ပေျာက်ဆုံးခဲ့သည်။[1][2][3][4][5][6]
နေ့ရက် | ၂၂ နိုဝင်ဘာ ၂၀၁၅ |
---|---|
တည်နေရာ | ဖားကန့်မြို့၊ ကချင်ပြည်နယ် |
သေဆုံးသူ | ၁၁၆ |
ဒဏ်ရာရသူ | ? |
ပျောက်ဆုံးသူ | ၁၀၀ |
နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ဖားကန့်မြို့ နမ့်မှော်ကျေးရွာအုပ်စုတွင် ပေ ၄၀ ခန့်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့သေးသည်။[7]
မြေပြိုကျမှုသည် နံနက် လေးနာရီခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ကုမ္ပဏီများမှ စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေစာပုံအောက်ဘက်တွင် ရေမဆေးကျောက်ရှာဖွေသူများ နေထိုင်သည့် ယာယီတဲအိမ် ၂၀၀ ကျော်ခန့်ရှိပြီး ပြိုကျချိန်တွင် အလုံး ၅၀ ခန့်မြေပိမိခဲ့သည်။[8]ပြိုကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။[1][6]
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အခြားအဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ လူတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။[1] အနည်းဆုံး ၁၁၆ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။[2] လူ ၁၀၀ ကျော်ခန့် ပေျာက်ဆုံးလျက်ရှိကြောင်းလည်း သိရှိရသည်။ ဖြစ်ပွားရာဒေသတွင် နေထိုင်လျက်ရှိကြသူဦးရေကို တိကျစွာ မသိရှိရသည့်အတွက် ထိခိုက်သေဆုံးသူဦးရေကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိပေ။[1][2] ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းများအရ မြေပြိုကျနိုင်မှု အန္တရာယ်ရှိသော စွန့်ပစ်မြေစာပုံများအနီးတွင် သွားလာနေထိုင်ခြင်းမပြုရန် ဌာနဆိုင်ရာများမှ သတိပေးတားမြစ်ထားကြောင်း သိရသည်။[9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.