![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0d/Series_circuit.svg/langmy-640px-Series_circuit.svg.png&w=640&q=50)
ပြိုင်ဆက်နှင့် တန်းဆက် ပတ်လမ်းများ
From Wikipedia, the free encyclopedia
လျှပ်စစ်ပတ်လမ်း (သို့) အီလက်ထရွန်းနစ်ပတ်လမ်းတစ်ခု၏ အစိတ်အပိုင်းများကို နည်းလမ်းမျိုးစုံဖြင့်ဆက်သွယ်နိုင်သည်။ အရိုးရှင်းဆုံးဆက်သွယ်နည်း၂ခုမှာ ပြိုင်ဆက် နှင့်တန်းဆက် ဖြစ်သည်။ တန်းဆက် ဆက်ထားသောအပိုင်းများမှာ လမ်းကြောင်းတစ်ခုတည်းဖြစ်ပြီး တူညီသော လျှပ်စီး စီးဝင်သည်။ ပြိုင်ဆက် ဆက်ထားသောအပိုင်းများမှာ လမ်းကြောင်းများစွာရှိပြီး တူညီသော ဗို့အားရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0d/Series_circuit.svg/220px-Series_circuit.svg.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/5a/Parallel_circuit.svg/220px-Parallel_circuit.svg.png)
အစိတ်အပိုင်းများကို တန်းဆက် ဆက်ထားပါက တန်းဆက်လျှပ်စီးပတ်လမ်းဟုခေါ်ပြီး အပြိုင်ဆက်ထားလျှင် ပြိုင်ဆက်လျှပ်စီးပတ်လမ်းဟုခေါ်သည်။
တန်းဆက်လျှပ်စီးပတ်လမ်းတွင် အစိတ်အပိုင်းတစ်ခုစီကို ဖြတ်သွားသောလျှပ်စီးမှာ တူညီသည်။ ပတ်လမ်းကိုဖြတ်သော ဗို့အားမှာ အစိတ်အပိုင်းတစ်ခုစီ၏ ဗို့အားများပေါင်းစပ်ခြင်းနှင့်တူညီသည်။ ပြိုင်ဆက်လျှပ်စီးပတ်လမ်းတွင် အစိတ်အပိုင်းတစ်ခုစီ၏ ဗို့အားများတူညီပြီးပတ်လမ်းကိုဖြတ်သော လျှပ်စီးမှာအစိတ်အပိုင်းတစ်ခုစီကိုဖြတ်သော လျှပ်စီးများပေါင်းခြင်းနှင့်တူသည်။
မီးသီး၄လုံးကို ၆ဗို့ ဘက်ထရီဖြင့်ပေးထားသော ပတ်လမ်းတစ်ခုကိုမြင်ကြည့်ပါ။
တန်းဆက်နည်းတွင် ပစ္စည်းမှန်သမျှ ကောင်းမွန်နေမှအလုပ်လုပ်မည်ဖြစ်သည်။ အကယ်၍ တန်းဆက်ပတ်လမ်းမှ အစိတ်အပိုင်းတစ်ခု ချို့ယွင်းနေလျှင် အခြားအစိတ်အပိုင်းများလည်း အလုပ်မလုပ်တော့ပေ။ ပြိုင်ဆက်ပတ်လမ်းတွင် မီးသီး၁လုံးချင်းစီတွင် ကိုယ်ပိုင် ပတ်လမ်းရှိ၍ တစ်လုံးကျွမ်းလျှင်လည်း ကျန်မီးသီးများဆက်လက်လင်းနေပေမည်။