From Wikipedia, the free encyclopedia
ပြည်လည် အသုံးချနိုင်သည့် စွမ်းအင်သည် နေရောင်ခြည်၊ လေ၊ ရေ၊ ဒီရေလှိုင်း၊ မြေအောင်းအပူဓာတ် စသည့် သဘာဝ အရင်းအမြစ်များမှ ထုတ်လုပ်သည့် စွမ်းအင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စွမ်းအင်သုံးစွဲမှု အားလုံး၏ ၁၉ % ခန့်သည် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်များဖြစ်ပြီး ၎င်းတို့အနက် ၁၃ % မှာ အပူပေးရာတွင် အဓိက အသုံးပြုသည့် သမားရိုးကျ ဇီဝလောင်စာများမှ ဖြစ်ကာ ၃.၂ % မှာ ရေအားလျှပ်စစ်ဖြစ်သည်။ [1] နေစွမ်းအင်နှင့် လေအားလျှပ်စစ် စသည့် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်သစ်များမှာ ၂.၇ % ခန့်ရှိပြီး အလျင်အမြန် တိုးတက်လျက် ရှိသည်။ [1] ၁၈ % ခန့်မှာ လျှပ်စစ်ဓာတ်အား ဖြစ်ပြီး ထို ၁၈ % အနက် ၁၅ % မှာ ရေအားလျှပ်စစ်ဖြစ်၍ ၃ % မှာ ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်သစ်များ ဖြစ်သည်။ [1][2]
လေအား လျှပ်စစ်ထုတ်လုပ်မှုမှာ နှစ်စဉ် ၃၀ % တိုးပွားလျက်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတဝန်း လေအား လျှပ်စစ် ၁၅၈ ဂစ်ဂါဝပ် (GW) ထုတ်လုပ် နိုင်နေပြီ ဖြစ်သလို[3][4] ဥရောပ၊ အာရှနှင့် အမေရိကန် ပြည်ထေင်စုတွင် ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုလာပြီ ဖြစ်သည်။ [5] ၂၀၀၉ ခုနှစ် နှစ်ကုန်တွင် နေစွမ်းအင်ထုတ် လျှပ်စစ် ပမာဏမှာ ၂၁ GW ရှိနေပြီ ဖြစ်သည်။[6][7][8] ဂျာမနီနှင့် စပိန်တွင် နေစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှုကို လူကြိုက်များလာသည်။ [9] ၃၄၅ မဂ္ဂါဝပ် (MW) ထုတ်လုပ် နိုင်သည့် အကြီးမားဆုံး နေအားလျှပ်စစ် စက်ရုံမှာ မိုဂျပ်ကန္တာရတွင် တည်ရှိသည်။ [10] ကမ္ဘာ့အကြီးဆုံး မြေအောင်းအပူဓာတ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံကို ကယ်လီဖိုးနီးယား ပြည်နယ်တွင် တပ်ဆင်ထားပြီး ၇၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ဘရာဇီးနိုင်ငံတွင်မူ အကြီးမားဆုံး ပြန်လည် အသုံးချနိုင်သည့် စွမ်းအင် စီမံကိန်း ရှိပြီး ကြံမှ အီသနော လောင်စာ ထုတ်လုပ်မှုလည်း ပါဝင်သည်။ ဘရာဇီးနိုင်ငံတွင် မော်တော်ယာဉ်များ အသုံးပြုသည့် လောင်စာများ၏ ၁၈ % မှာ အီသနော လောင်စာများ ဖြစ်သည်။[11] ယခုအခါတွင် အီသနော လောင်စာများကို အမေရိကန်တွင်လည်း ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုနေပြီ ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှုကို သတိပြုလာခြင်းနှင့် ရေနံဈေး ထိုးတက်လာခြင်းအပြင် အစိုးရ၏ အားပေးခြင်းတို့ကြောင့် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင် ထုတ်လုပ်မှုနှင့် သုံးစွဲမှု အရှိန်အဟုန် မြင့်တက်လာစေသည်။ [12]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.