ပုစွန်
From Wikipedia, the free encyclopedia
ရေသတ္တဝါများ၌ ခြေထောက်ပါသည်ကို အလွန်တွေ့ရခဲသည်။ များသောအားဖြင့် ခြေထောက် အတုအယောင်များသာ ပါရှိကြသည်။ ကဏန်း(ပုဇွန်လုံး) အပါအဝင် ပုစွန်မျိုးများတွင် ထူးခြားစွာ ခြေထောက် ၁၀ချောင်း ပါရှိသည်ကို တွေ့ရသည်။ ယင်းတို့အနက် ၈ ချောင်းကိုသာ လမ်းလျှောက် သွားလာရန် အသုံးချ၍ ကဏန်းလက်မခေါ် ကြီးမားသန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ် အသုံးချသည်။ ထိုလက်မကြီးများသည် ၎င်းတို့အတွက် အကာအကွယ် လက်နက်လည်းဖြစ်၏။ ပုစွန်နှင့် ကဏန်းတို့၏ ကျောကုန်းမှာ အံ့ဖွယ်ကောင်းလောက်အောင် မာကျောသော အခွံထူဖြစ်၍ ဤအခွံကြီးက သူ၏ ကိုယ်ခန္ဓာကို ကာကွယ်ထားသည်။ ကိုယ်အရှေ့ပိုင်းတွင် ရင်အုပ်ကာသံချပ်သဖွယ် အကာအကွယ်ပါရှိ၍ ခြေထောက် ၁၀ ချောင်း စလုံးမှာလည်း မာကျောသော အခွံများဖြင့် အသီးသီး ဖုံးအုပ်လျက်ရှိပေသည်။ ကဏန်းသည် ရန်သူကို လက်မဖြင့် မြဲမြံစွာ ညှပ်တတ်သောကြောင့် ယင်းတို့ကို သတိနှင့် ကိုင်တွယ်ရာသည်၊ ကဏန်း၏ မျက်လုံးများတွင် အညှာတံပါရှိ၍ ယင်းတို့သည် ဝင်လိုက်ထွက်လိုက် လုပ်တတ်သောကြောင့် တစ်နည်းအားဖြင့် ရယ်ဖွယ်ကောင်းသည်။ သူ၏ ပါးစပ်မှာလည်း အလွန်အံ့ဩဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းတွင် စမ်းသပ်ရန်၊ ကိုက်ဖဲ့ရန်နှင့် အစာကို ဝါးချေရန် အင်္ဂါအစိတ်အပိုင်းများ ပေါင်းစု ပါဝင်သောကြောင့် ဖြစ်၏။
ပုစွန်မျိုး (Decapoda) Temporal range: Devonian–recent | |
---|---|
"Decapoda" from Ernst Haeckel's Kunstformen der Natur, 1904 | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်းစုသေး: | Crustacea |
မျိုးပေါင်း: | Malacostraca |
Superorder: | Eucarida |
မျိုးစဉ်: | Decapoda Latreille, 1802 |
မျိုးစဉ်ခွဲများ | |
Dendrobranchiata |
ပုစွန်သည် ကရပ်စတေးစီးခေါ် အခွံမာ သတ္တဝါမျိုးပေါင်းတွင် အမြီးရှည်သော အကောင်မျိုးဖြစ်သည်။ ပုစွန်အမျိုးမျိုး ရှိသည်။ ယင်းတို့မှ ပုစွန်တုပ်၊ ပုစွန်ကျော့၊ ပုစွန်ဆိတ်၊ ပုစွန်ကျား၊ ကျောက်ပုစွန် နှင့် ကဏန်း ခေါ် ပုစွန်လုံး စသည်တို့ ဖြစ်ကြသည်။
မြန်မာစကားတွင် ကဏန်း၏ အခြားအမည်သည်လည်း ပုစွန်လုံးဖြစ်၏။ မြန်မာစာအဖွဲ့မှ ဖွင့်ဆိုထားသော ပုစွန်ဟူသည့် စာလုံး၏အဓိပ္ပာယ်မှာ မြန်မာဘာသာဖြင့် “အခွံမာ၍ ခြေများစွာရှိသော မျက်လုံးပြူးသည့်ရေသတ္တဝါတစ်မျိုး“ ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် “General term for prawn, shrimp, crab, lobster, scampi, etc.” ဟူ၍လည်းကောင်း[1] ဖြစ်လေရာ ၎င်းစာလုံးအဓိပ္ပာယ်၏ ခြုံငုံမှုသည် လူအများသိထားသော ပုစွန်များသာမက ကဏန်းများပါ အကျုံးဝင်လေသည်။ ထိုမျှသာမက မျိုးရိုးဆက်နွယ်မှုတွင်လည်း ကင်းပုစွန်(Lobster)သည် အခြားပုစွန်မျိုးများထက် ကဏန်း(ပုစွန်လုံး)တို့နှင့် အမျိုးပိုနီးစပ်သည်ကို အောက်ပါမျိုးရိုးဇယား၌ တွေ့မြင်နိုင်လေသည်[2] -
ပုစွန်မျိုးများ |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||