![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/54/Pioneer_10-11_spacecraft.jpg/640px-Pioneer_10-11_spacecraft.jpg&w=640&q=50)
ပိုင်အိုနီးယား ၁၀
From Wikipedia, the free encyclopedia
ပိုင်အိုနီးယား ၁၀ အာကာသယာဉ်သည် ၂၅၈ ကီလိုဂရမ်အလေးချိန်ရှိသည့် အာကာသစူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ဖြစ်သည်။ ဂျူပီတာဂြိုဟ်သို့ ပထမဆုံးခရီးနှင်ခဲ့ပြီး နေအဖွဲ့အစည်းမှ လွတ်မြောက်အလျင်ဖြင့်ထွက်ခွာနိုင်ခဲ့သော ပထမဆုံးယာဉ်ဖြစ်သည်။ စီမံကိန်းကို အမေရိကန်အမျိုးသားလေကြောင်းနှင့်အာကာသစီမံမှုအဖွဲ့ (နာဆာ)၏ အမ်းစ်သုတေသနဌာနက ကိုင်တွယ်ခဲ့ပြီး TRW Inc က ယာဉ်ကို ပုံစံထုတ်ခဲ့သည်။ ပိုင်အိုနီးယား ၁၀ ကို အချင်း၂.၇၄ မီတာရှိသည့်စလောင်း၊ ယင်းတွင်ဆက်စပ်တပ်ဆင်ထားသည့် ဆဌဂံပုံကိုယ်ထည်၊ ဖမ်းယူမှုမြင့်မားသည့် အင်တင်နာချောင်းကြီးတစ်ချောင်းတို့ဖြင့် ဖွဲ့စည်းထားသည်။ လိုအပ်သည့်စွမ်းအင်ကို ရေဒီယိုအိုင်ဆိုတုပ် အပူလျှပ်စစ်ဓာတ်အားထုတ်စက်လေးခုပေါင်းမှ စတင်ပစ်လွှတ်ချိန်တွင် ၁၅၅ ဝပ်ရရှိသည်။
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
![]() ပိုင်အိုနီးယား ၁၀ | |
အော်ပရေတာ | ARC / နာဆာ |
---|---|
ပင်မ ကန်ထရိုက်တာများ | TRW |
မက်ရှင် အမျိုးအစား | ဖြတ်သန်းပျံသန်း |
လွှတ်တင်သည့်ရက် | 1972-03-02 01:49:00 UTC (52 နှစ်၊ 4 လ နှင့် 13 ရက် အကြာက) |
လွှတ်တင်သည့်ယာဉ် | Atlas-Centaur/TE364-4 |
လွှတ်တင်သည့် နေရာ | Cape Canaveral Air Force Station Space Launch Complex 36 |
မစ်ရှင် ကြာမြင့်ချိန် | March 2, 1972 – January 23, 2003 (30 years, 10 months, 22 days) (lost communication) |
မက်ရှင် စိတ်ဝင်စားဖွယ်များ | Jupiter flyby (completed 1974-01-01) Interstellar mission (completed 1997-03-31) |
ဖြတ်ပျံ | ဂျူပီတာဂြိုဟ် |
COSPAR ID | 1972-012A |
ဝဘ်ပေ့ချ် | Pioneer Project website(archived) NASA Archive page |
ထုထည် | ၂၅၈ kg (၅၆၉ lb) |
စွမ်းအင် | 155.0 W (4 Radioisotope thermoelectric generator |
ပိုင်အိုနီးယား ၁၀ ကို ၁၉၇၂ခုနှစ် မတ်လ၂ရက်နေ့တွင် ဖလော်ရီဒါရှိ ကိပ်ကာနီဗယ်အာကာသလွှတ်တင်ရေးစခန်းမှလွှတ်တင်ခဲ့သည်။ ဇွန် ၁၅ ရက်နေ့တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများပတ်လမ်းကိုဖြတ်သွားသော ပထမဆုံးအာကာသယာဉ် ဖြစ်လာသည်။ ၁၉၇၃၊ နိုဝင်ဘာ ၆ ရက်မှစတင်၍ ကီလိုမီတာ၂၅ သန်းအကွာအဝေးမှ ဂျူပီတာဂြိုဟ်၏ဓာတ်ပုံများကို စတင်ပေးပို့ခဲ့သည်။ စုစုပေါင်းဓာတ်ပုံ ၅၀၀ ကျော်ပေးပို့ခဲ့သည်။ ၁၉၇၃၊ ဒီဇင်ဘာတွင် ဂြိုဟ်နှင့်အနီးဆုံး ၁၃၂, ၂၅၂ ကီလိုမီတာအကွာသို့ ရောက်ရှိခဲ့သည်။ ခရီးစဉ်တွင် ယာဉ်ပေါ်တွင် တပ်ဆင်ပေးလိုက်သော ကိရိယာများသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းခါးပတ်ကွင်း၊ ဂျူပီတာဂြိုဟ်ပတ်ဝန်းကျင်၊ နေမုန်တိုင်းများ၊ အာကာသရောင်ခြည်များကိုလေ့လာနိုင်ခဲ့သည်။ ယခုအခါနေစကြဝဠာအတွင်းအစွန်ဆုံးရှိ ဟေလီယိုစပီးယားအလွှာ (နေစကြဝဠာ နယ်နိမိတ်အစွန်)သို့ရောက်ရှိနေပြီဖြစ်သည်။ ၂၀၀၃၊ ဇန္နဝါရီ ၂၃ တွင် ကမ္ဘာမှ ကီလိုမီတာ ၁၂ ဘီလျံ (၈၀ AU)အရောက်တွင် ယာဉ်ပေါ်တွင်ဓာတ်အားနည်းပါးလာမှုကြောင့် ဆက်သွယ်မှုပြတ်တောက်ခဲ့သည်။