From Wikipedia, the free encyclopedia
ပါးအိုးလို ချေဇာရေ မာလ်ဒိနီ (အီတလီ: Paolo Cesare Maldini) သည် အီတလီ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ကာ ဘယ်စွယ်နှင့် ဗဟိုခံစစ်သမားအဖြစ် အီတလီ အမျိုးသားဘောလုံးအသင်းနှင့် အေစီမီလန်ကလပ်တို့တွင် ကစားခဲ့သည်။ မာလ်ဒိနီကို သမိုင်းတစ်လျှောက် အကောင်းဆုံး ခံစစ်မှူးတစ်ဦးအဖြစ်ယူဆကြသလို အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ်လည်း မှတ်ယူကြသည်။[4][5][6][7][8][9] မီလန်နှင့် အီတလီအသင်း ကပ္ပတိန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူအဖြစ် ၎င်းကို '"Il Capitano"' (ခေါင်းဆောင်) အဖြစ် ခေါ်ဝေါ်ကြကာ မာလ်ဒိနီသည် စီးရီးအေလိဂ်၌ ပွဲပေါင်း (၆၄၇)ပွဲ ကစားခဲ့သောကြောင့် စီးရီးအေ၌ ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ၂၀၂၀ ရောက်မှသာ ဂိုးသမား ဂျန်လူဝီးဂျီး ဘူးဖွန် တစ်ဦးသာ ၎င်းထက် သာလွန်ခဲ့သည်။[10] လက်ရှိတွင် မီလန်အသင်း၏ နည်းစနစ်ပိုင်း ညွှန်ကြားသူအဖြစ် တာဝန်ယူလျက် ရှိပြီး အမေရိကန်ကလပ် မိုင်ယားမီ ဘောလုံးအသင်း ပူးတွဲပိုင်ရှင်ဖြစ်သည်။
၂၀၀၈၌ တွေ့ရစဉ် | |||||||||||||||||||||||||||||||||
ကိုယ်ရေးအချက်အလက်များ | |||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမည် အပြည့်အစုံ | ပါးအိုးလို ချေဇာရေ မာလ်ဒိနီ | ||||||||||||||||||||||||||||||||
မွေးသက္ကရာဇ် | ၂၆ ဇွန်၊ ၁၉၆၈ | ||||||||||||||||||||||||||||||||
မွေးရပ်ဇာတိ | မီလန်မြို့၊ အီတလီနိုင်ငံ | ||||||||||||||||||||||||||||||||
အရပ်အမြင့် | ၁.၈၇ မီတာ[1][2][3] | ||||||||||||||||||||||||||||||||
ကစားသည့်နေရာ | ခံစစ်မှူး | ||||||||||||||||||||||||||||||||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||||||||||||||||||||||||||||||||
လက်ရှိအသင်း | အေစီမီလန် (နည်းစနစ် ဒါရိုက်တာ) | ||||||||||||||||||||||||||||||||
လူငယ်ဘဝကလပ်များ | |||||||||||||||||||||||||||||||||
၁၉၇၈–၁၉၈၅ | အေစီမီလန် | ||||||||||||||||||||||||||||||||
အကြီးတန်း ကစားသမား* | |||||||||||||||||||||||||||||||||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† | ||||||||||||||||||||||||||||||
၁၉၈၄–၂၀၀၉ | အေစီမီလန် | ၆၄၇ | (၂၉) | ||||||||||||||||||||||||||||||
နိုင်ငံကိုယ်စားပြုအသင်း | |||||||||||||||||||||||||||||||||
၁၉၈၆–၁၉၈၈ | အီတလီ ယူ(၂၂) | ၁၂ | (၅) | ||||||||||||||||||||||||||||||
၁၉၈၈–၂၀၀၂ | အီတလီ အမျိုးသားဘောလုံးအသင်း | ၁၂၆ | (၇) | ||||||||||||||||||||||||||||||
Honours
| |||||||||||||||||||||||||||||||||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
စီးရီးအေလိဂ် မီလန်အသင်းတွင် (၂၅)ရာသီကြာအောင် ကစားခဲ့၍ ၂၀၀၉ခုနှစ် အသက် (၄၁)တွင် အနားယူခဲ့သည်။ မီလန်နှင့်အတူ ဆုဖလား (၂၅)ခုရရှိခဲ့ရာ ချန်ပီယံလိဂ် ငါးကြိမ်၊ စီးရီးအေဖလား ခုနှစ်ကြိမ်၊ ကိုပါအီတလီယာ တစ်ကြိမ်၊ စူပါကိုပါအီတလီယာ ငါးကြိမ်၊ ဥရောပ စူပါဖလား ငါးကြိမ်၊ တိုက်ကြီးများဖလား နှစ်ကြိမ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား တစ်ကြိမ် တို့ဖြစ်သည်။ မာလ်ဒိနီသည် အသက် (၃၉)၌ ယူအီးအက်ဖ်အေ ဘောလုံးဆုများမှ အကောင်းဆုံး နောက်ခံလူ ဆုတံဆိပ်ရခဲ့ပြီး ၂၀၀၄တွင် စီးရီးအေ၏ တစ်နှစ်တာ နောက်ခံလူဆုကိုလည်း ရရှိခဲ့သည်။ ၂၀၀၈-၀၉ရာသီအပြီးတွင် ၎င်းဝတ်ဆင်ခဲ့သော နံပါတ် (၃)အင်္ကျီကို စွှန့်လွှတ်အနားယူခဲ့လေသည်။[11]
မာလ်ဒိနီသည် ၁၉၈၈တွင် အီတလီအသင်း၌ စတင်ကစားခဲ့၍ အနားယူသောနှစ် ၂၀၀၂ အထိ (၁၄)နှစ်တာ ကစားခဲ့ပြီး (၇) ဂိုးသွင်းယူခဲ့၍ (၁၂၈)ပွဲမှာ ၎င်းပါဝင်ကစားခဲ့သော အရေအတွက် ဖြစ်သည်။ ထိုအရေအတွက်မှာ ထိုစဉ်က စံချိန်တစ်ရပ်ဖြစ်ခဲ့၍ ထိုစံချိန်ကို ဖားဘီယို ကန်နာ့ဗားရိုး နှင့် ဂျန်လူဝီးဂျီး ဘူးဖွန် နှစ်ဦးသာ ၎င်းထက်သာလွန်သည်။ မာလ်ဒိနီသည် အီတလီအသင်းကို ခေါင်းဆောင်၍ ရှစ်နှစ်ကြာ ကစားခဲ့ပြီး ခေါင်းဆောင်လုပ်ကစားသောပွဲပေါင်း (၇၄) ပွဲဖြစ်သည်။ ထိုစံချိန်ကို အထက်ပါအတိုင်း ကန်နာ့ဗားရိုး နှင့် ဘူဖွန် တို့သာ ချိုးခဲ့သည်။ [12] အီတလီ အမျိုးသားအသင်းနှင့်အတူ ကမ္ဘာ့ဖလား (၄)ကြိမ်၊ ဥရောပဖလား (၃) ကြိမ် ပါဝင်ခဲ့သည်။ အနိုင်မရရှိခဲ့သော်လည်း ၁၉၉၄-ကမ္ဘာ့ဖလားပြိုင်ပွဲ နှင့် ယူရို-၂၀၀၀ တွင် ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည်။ ၁၉၉၀-ကမ္ဘာ့ဖလား၊ ယူရို-၁၉၈၈ တို့တွင် ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သည်။ ထိုနှစ်ပြိုင်ပွဲများ၏ 'ထိပ်တန်းကြယ်ပွင့် အသင်း'များ၏ ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရကာ ယူရို-၁၉၉၆ ပွဲစဉ်၏ ထိပ်တန်းကြယ်ပွင့် အသင်း၏ ကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။
မာလ်ဒိနီသည် ၁၉၉၅ တွင် တစ်နှစ်တာအကောင်းဆုံးဆုအတွက် George Weah ပြီးနောက် ဒုတိယနေရာခဲ့ကာ ၁၉၉၄နှင့် ၂၀၀၃ တို့တွင် ဘောလောန် ဒေါရ် (ရွှေဘောလုံး) ဆုအတွက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။[13] ၂၀၀၂တွင် ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း၌ ခံစစ်မှူးတစ်ဦးအဖြစ်ရွေးချယ်ခံရပြီး ၂၀၀၄၌ ပီလီရွေးချယ်သော 'သက်ရှိထင်ရှား ဖီဖာ(၁၀၀)' တွင်လည်း ပါဝင်ခဲ့သည်။[14] ယူအီးအက်ဖ်အေကလပ်ပြိုင်ပွဲများတွင် ပွဲအများဆုံး ကစားမှု (၁၇၄)ပွဲ စံချိန်ကို ၂၀၁၇ အထိထိန်းနိုင်ခဲ့ပြီး အီးကဲ ကက်စီးလျဲ့ (ယဲ့) (Iker Casillas) တစ်ဦးသာ သာလွန်သည်။[15] ပြိုင်ပွဲအရပ်ရပ်၌ မီလန်အသင်းနှင့် (၉၀၂)ပွဲ ကစားခဲ့သည်။[11] တရားဝင်ကစားပွဲ (၁၀၀၀) ကျော်သော ကစားသမား (၁၈)ဦးထဲက တစ်ဦးခည်းဖြစ်၏။[16][17][18] ၂၀၁၂ ဒီဇင်ဘာတွင် အီတလီ ဘောလုံးအားကစား 'ထင်ရှားကျော်ကြားသူများဂုဏ်ပြုမှု (Hall of Fame) သို့ ထည့်သွင်းခဲ့ကြသည်။[19] မာလ်ဒိနီ၏ ဖခင် ချေဇာရာသည်လည်း မီလန်အသင်းအတွက် ခေါင်းဆောင်လုပ် ကသားခဲ့၍ အီတလီ ယူ(၂၁) အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့သလို မီလန်အသင်း၊ ၁၉၉၈-ကမ္ဘာ့ဖလားဝင် အီတလီအသင်းကိုလည်း နည်းပြခဲ့ဖူးသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.