From Wikipedia, the free encyclopedia
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻတပ်မတောႏ, အင်္ဂလိပ်: Pa-O National Liberation Army; အတိုကောက် PNLA) သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[2][3] PNLA သည် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနည်းတူ ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စီမံသည်။[4]
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် | |
---|---|
ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻတပ်မတောႏ မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
PNLA ၏ စစ်ရေးအလံ | |
လှုပ်ရှား | လက်ရှိ ၂၀၀၉ လွတ်လပ်ရေးနှောင်းပိုင်း ၁၉၄၉ –၁၉၇၆ | –လက်ရှိ
ခံယူချက် | ပအိုဝ်းအမျိုးသားရေး ခွဲထွက်ရေး စစ်အာဏာရှင်အပြီးချုပ်ငြိမ်းရေး |
ဦးဆောင်သူများ | |
စစ်ဖက်ဆိုင်ရာခေါင်းဆောင် |
|
ဌာနချုပ် | လေးဗွာစခန်း, ရှမ်းပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ | ရှမ်းပြည်နယ် မြန်မာနိုင်ငံ-ထိုင်းနိုင်ငံ နယ်စပ် |
ယခင် | ပအိုဝ်းလူမျိုးလွတ်မြောက်ရေးအဖွဲ့ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ |
ပြိုင်ဘက် | မြန်မာ
ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
|
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
၂၀၁၂ ခုနှစ် ဩဂုတ်လတွင် PNLA သည် မြန်မာနိုင်ငံ အစိုးရနှင့် "ပြည်နယ်အဆင့် သဘောတူညီချက် ငါးချက်"[5] နှင့် "ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှစ်ချက်"[6] တို့ကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အစိုးရနှင့် PNLA တို့သည် "ပြည်နယ်အဆင့် သဘောတူညီချက် ၅ ချက်" နှင့် "ပြည်ထောင်စုအဆင့် သဘောတူညီချက် ၈ ချက်" တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[7]
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် PNLA ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် အောက်ပါ အချက်ငါးချက်ကို သဘောတူညီခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် PNLA တို့သည် အောက်ပါ အချက်ရှစ်ချက်ကို သဘောတူညီခဲ့ကြသည်။
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အလွှာပေါင်းစုံအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တို့အကြား လက်နက်စွဲကိုင်တိုက်ပွဲများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် က ဝင်မပါဘဲ ကြားနေ ခဲ့သည်။ စစ်ကောင်စီ နှင့် နီးကပ်သည့် ဆက်ဆံရေးကိုလည်း ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တက်ရောက်သည်။ [8]
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက် တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာ ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ၏ လက်နက်ယာဉ်တန်းအား တပ်မတော် နှင့် PNO ပအိုဝ်းပြည်သူ့စစ် တို့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ တဆင့် တိုက်ပွဲ စတင် ဖြစ်ပွားသည်။ နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှုမရဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားသည်။တောင်ကြီးမြို့ ရှိ PNLA ဆက်ဆံရေးရုံး တာဝန်ခံအပါအဝင် ၃ ယောက်ဦး အား တပ်မတော်က ဖမ်းဆီးသည်။[9]
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ အား PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်သိမ်းပိုက်သည်။[10] [11]
၈နှစ်ကြာချုပ်ဆိုခဲ့သော NCAသဘောတူညီချက်ကို စစ်ကောင်စီကချိုးဖောက်ခဲ့သဖြင့် စစ်ကောင်စီအား ဘဝတူညီနောင် မဟာမိတ်များနှင့်အတူ တိုက်ခိုက်မည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ၂၆ရက်နေ့ညပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် က ကြေညာသည်။[12]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.