ပလေးစတေရှင် ပေါ့တေးဘဲလ်
From Wikipedia, the free encyclopedia
ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable၊ တရားဝင်အတိုကောက် PSP) သည် ဆိုနီ မှ ထုတ်လုပ်သော လက်ကိုင်ဂိမ်းစက် တစ်မျိုးဖြစ်သည်။ ၂၀၀၄ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ဆိုနီ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသခဲ့ကာ ဂျပန်နိုင်ငံတွင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် လည်းကောင်း၊[5] မြောက်အမေရိကတွင် ၂၀၀၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း[6] အသီးသီးရောင်းချခဲ့သည်။
မူလမော်ဒယ် PSP-1000 နှင့် PSP အမှတ်တံဆိပ် | |
ထုတ်လုပ်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး |
---|---|
ပစ္စည်းအုပ်စု | ပလေးစတေရှင် |
ပစ္စည်းအမျိုးအစား | လက်ကိုင်ဂိမ်းစက် |
မျိုးဆက် | သတ္တမမြောက် မျိုးဆက် |
ဖြန့်ချီသည့်နေ့ | JPN ၂၀၀၄၁၂၁၂ဒီဇင်ဘာ ၁၂, ၂၀၀၄ NA ၂၀၀၅၀၃၂၄မတ် ၂၄, ၂၀၀၅ PAL ၂၀၀၅၀၉၀၁စက်တင်ဘာ ၁, ၂၀၀၅ |
ရပ်တန့်သည့်နေ့ | NA ၂၀၁၄၀၁ဇန်နဝါရီ ၂၀၁၄ JPN ၂၀၁၄၀၆ဇွန် ၂၀၁၄ PAL Q4 2014 |
ရောင်းရသောအရေအတွက် | ကမ္ဘာတစ်ဝှန်းလုံး၌ သန်း ၈၀ (နိုဝင်ဘာ ၂၀၁၃ အထိ)[1][2] |
မီဒီယာ | UMD, digital distribution |
စက်မောင်းစနစ် | PlayStation Portable system software |
စီပီယူ | 333 MHz MIPS R4000 |
မှတ်ဉာဏ် | 32 MB (PSP-1000); 64 MB (2000, 3000, Go, E1000) |
သိုလှောင်နိုင်မှုစွမ်းအား | Memory Stick Duo, Memory Stick PRO Duo, Memory Stick Micro (for PSP Go) |
ပြသပေးနိုင်မှု | 480 × 272 pixels with 16,777,216 colors, 16:9 widescreen TFT LCD, ၃.၈ လက်မ (PSP GO), ၄.၃ လက်မ (All other models) |
အသံ | စတူဒီယို စပီကာ၊ မိုနို စပီကာ (PSP-E1000)၊ မိုက်ခရိုဖုန်း (PSP-3000, PSP Go)၊ ၃.၅ mm နားကြပ်ပေါက် |
ဆက်သွယ်နိုင်မှု | Wi-Fi (802.11b),[3] IrDA (PSP-1000), USB, Bluetooth (PSP Go) |
အွန်လိုင်းဝန်ဆောင်မှု | ပလေးစတေရှင် နက်ဝက်ခ် |
အရွယ်အစား | PSP1000: ၇၄ mm (h) ၁၇၀ mm (w) ၂၃ mm (d) PSP2000/3000: ၇၁ mm (h) ၁၆၉ mm (w) ၁၉ mm (d) PSP GO: ၆၉ mm (h) ၁၂၈ mm (w) ၁၆.၅ mm (d) |
အလေးချိန် | PSP1000: ၂၈၀ ဂရမ် PSP2000/3000: ၁၈၉ ဂရမ် PSP GO: ၁၅၈ ဂရမ် |
အရောင်းရဆုံးဗွီဒီယိုဂိမ်း | Monster Hunter Portable 3rd (၄.၆ သန်း) (မေ ၆၊ ၂၀၁၁ အထိ)[4] |
ယခင်အမျိုးအစား | PocketStation |
နောက်ပေါ်အမျိုးအစား | ပလေးစတေရှင် ဗီတာ |
ပလေးစတေရှင် ပေါ့တေးဘဲလ် သည် Universal Media Disc (UMD) ဟုခေါ်သည့် စနစ်ကို အဓိကသိုလှောင်မှုစနစ်အဖြစ် အသုံးပြုထားသည့် တစ်ခုတည်းသော လက်ကိုင်ဂိမ်းစက် ဖြစ်သည်။[7][8] အခြားသိသာထင်ရှားသည့် အချက်များမှာ ကြီးမားသည့် ဖန်သားပြင်ပါဝင်ခြင်း၊ ပလေးစတေရှင် ၂၊ ပလေးစတေရှင် ၃ စသည့် ဂိမ်းစက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း နှင့် အင်တာနက် အသုံးပြုနိုင်ခြင်း စသည်တို့ဖြစ်ကြသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် ပိုမိုပါးလွှာပေါ့ပါးသည့် ပလေးစတေရှင် ပေါ့တေးဘဲလ် မော်ဒယ်အသစ် PSP-2000 ကို ဖြန့်ချိရောင်းချခဲ့ရာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် မူလထက် လေးဆခန့် ပိုမိုရောင်းချနိုင်ခဲ့ပြီး၊ အောက်တိုဘာလတွင် မြောက်အမေရိက၌ ၂၀၀% နီးနီးအထိ အရောင်းမြင့်တက်သွားခဲ့သည်။[9][10] ဖန်သားပြင်အသစ်နှင့် အသံဖမ်းမိုက်ခရိုဖုန်း တစ်ပါတည်းပါရှိသော နောက်ထပ် မော်ဒယ်အသစ် PSP-3000 ကိုလည်း ထပ်မံဖြန့်ချိခဲ့သည်။ လုံးဝ ဒီဇိုင်းပြုပြင်ထားသည့် PSP Go ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဖြန့်ချိခဲ့သည်။ ဈေးသက်သာအောင် ဖန်တီးထားသည့် PSP-E1000 ကိုလည်း ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။
PSP မျိုးဆက် ဂိမ်းစက်များ၏နောက်တွင် ပလေးစတေရှင် ဗီတာ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြောက်အမေရိက၊ ဥရောပနှင့် ဩစတြေးလျတို့တွင် လည်းကောင်း အသီးသီး ဖြန့်ချိခဲ့သည်။ ပလေးစတေရှင် ပေါ့တေးဘဲလ်များ တင်ပို့ရောင်းချမှုကို မြောက်အမေရိကတွင် ၂၀၁၄ ဇန်နဝါရီတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် ၂၀၁၄ ဇွန်တွင်လည်းကောင်း ရပ်ဆိုင်းခဲ့ကာ၊ ဥရောပတွင် ၂၀၁၄ နှစ်ကုန်တွင် ရပ်ဆိုင်းမည် ဖြစ်သည်။[11]