ပယင်း
From Wikipedia, the free encyclopedia
ပယင်း (အင်္ဂလိပ်: Amber) သည် ဇီဝမူလ ကျောက်မျက် အမျိုးအစားဖြစ်သည်။ တိကျသော ဓာတုဖွဲ့စည်းမှုသော်လည်းကောင်း၊ ပုံဆောင်စနစ်သော်လည်းကောင်း မရှိပေ။ ဓာတုဖွဲ့စည်းမှုအားဖြင့် ဟိုက်ဒရို-ကာဘွန်နိတ် ဒြပ်ပေါင်းများပင်ဖြစ်သည်။ သိပ်သည်းဆ ၁.၀၇၊ မာဆင့် ၂.၅ သာရှိသောကြောင့် မီးအပူဒဏ်နှင့် ငရဲမီးဒဏ်တို့ကို မခံနိုင်ပေ။ ထို့ကြောင့် သတိထားထိန်းသိမ်းရန် လိုအပ်သည်။ ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံးရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈၀၀၀)လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။