ပဋိသန္ဓေ တားဆီးခြင်း
လူသားများ ကိုယ်ဝန်ဆောင်မှုကို တားဆီးသော နည်းလမ်း / From Wikipedia, the free encyclopedia
ပဋိသန္ဓေ တားဆီးခြင်း ဆိုသည်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့အား ကိုယ်ဝန်မရရှိစေပဲ လိင်ဆက်ဆံမှု ပြုနိုင်ရန် ကူညီပံ့ပိုးပေးသော နည်းလမ်း ဖြစ်သည်။ အချို့သော ပဋိသန္ဓေ တာဆီးနည်းများမှာ လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများမှ အကာအကွယ်ရရန် အတွက်လည်း အထောက်အကူပေးသည်။
လူတို့အနေနှင့် ပဋိသန္ဓေ တားဆီးခြင်းနှင့် လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများကို ကာကွယ်၍ လိင်ဆက်ဆံမှု ပြုကြခြင်းကို safe sex ဟု ခေါ်ကြသည်။
ပဋိသန္ဓေ တားဆီးခြင်းကို တခါတရံတွင် မိသားစု စီမံခန့်ခွဲခြင်း (family planning) ဟုလည်း ခေါ်ကြသည်။ ထိုသို့ ခေါ်ဆိုရခြင်း အကြောင်းမှာ လူတို့အနေနှင့် သူတို့ အလိုရှိမှသာ ကလေး ရယူပြီး မိသားစု ဘဝတည်ဆောက်ကြခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် မိသားစုနှင့် ကလေးရယူခြင်းမှာ မတော်တဆ ဖြစ်ပျက်ခြင်း မဟုတ်တော့ပေ။