ပင်ဂွင်း
From Wikipedia, the free encyclopedia
ပင်ဂွင်း (အင်္ဂလိပ်: Penguin) သည် ရေတွင် နေထိုင် ကျက်စားသည့် မပျံသန်းနိုင်သည့် ငှက်မျိုး ဖြစ်သည်။ ကမ္ဘာ့ တောင်ဘက် အခြမ်းတွင် အများဆုံး နေထိုင် ကျက်စားကြသည်။ ပင်ဂွင်းများတွင် ပြောင်ချောသော သားကောင်များကို ဖမ်းဆီးရန် ဆူးချွန်များပါသောလျှာနှင့် ခိုင်မာသော မေးရိုးများ ရှိကြသည်။[1] ပင်ဂွင်းများသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နေထိုင်သည် ဆိုသော်လည်း အန္တာတိက တွင်မူ မတွေ့ရချေ။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, Modern genus ...
Penguins | |
---|---|
Chinstrap penguin (Pygoscelis antarctica) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Sphenisciformes Sharpe, 1891 |
မျိုးရင်း: | Spheniscidae Bonaparte, 1831 |
Modern genus | |
Aptenodytes | |
Range of penguins, all species (aqua) |
ပိတ်ရန်
ပင်ဂွင်းမျိုးစိတ်များထဲမှ အကြီးဆုံးနှင့် အများဆုံး တွေ့ရသည့် မျိုးစိတ် ဖြစ်သည့် အင်ပါယာပင်ဂွင်း (Aptenodytes forsteri)[2] အမျိုးအစား၏ အရွယ်ရောက်ပြီး အကောင်သည် (၁.၁ မီတာ) (၃ ပေ ၇ လက္မ) ခန့် မြင့်ပြီး ၃၅ ကီလိုဂရမ် (၇၅ ပေါင်) ခန့် အလေးချိန် ရှိသည်။