From Wikipedia, the free encyclopedia
နှစ် ၇၀၀ပြည့် အားကစားကွင်း (အင်္ဂလိပ်: 700th Anniversary Stadium)သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အားကစားကွင်းဖြစ်သည်။၁၉၉၅ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ချင်းမိုင်မြို့၏ နှစ် (၇၀၀)ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၁၉၉၈ အာရှအားကစားပြိုင်ပွဲတွင်လည်း ဘောလုံးကစားနည်းကို လက်ခံကျင်းပခဲ့သေးသည်။ကွင်း၏ အဓိကပွဲကြည့်စင်ကိုသာ ထိုင်ခုံများ တပ်ဆင်ထားပြီး အမိုး မိုးထားကာ ကျန်ပွဲကြည့်စင်များမှာ ရိုးရိုးသာဖြစ်သည်။ဤကွင်း၏ ပုံစံသည် ၂၀၀၅ခုနှစ်တွင် တည်ဆောက်ခဲ့သော နှစ် (၈၀)ပြည့်မွေးနေ့ အားကစားကွင်း၏ နမူနာပုံစံလည်းဖြစ်သည်။[1][2]
အမည် | 700th Anniversary of Chiang Mai Stadium |
---|---|
တည်နေရာ | ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ |
ကိုဩဒိနိတ် | 18°50′23″N 98°57′34″E |
ဝင်ဆံ့ပမာဏ | ၂၅၀၀၀ |
မျက်နှာပြင် | မြက် |
ဖွင့်လှစ် | ၁၉၉၅ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.