![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/ba/Islam_percent_population_in_each_nation_World_Map_Muslim_data_by_Pew_Research.svg/langmy-640px-Islam_percent_population_in_each_nation_World_Map_Muslim_data_by_Pew_Research.svg.png&w=640&q=50)
နိုင်ငံအလိုက် အစ္စလာမ်ဘာသာ
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး / From Wikipedia, the free encyclopedia
အစ္စလာမ်ဘာသာသည် ခရစ်ယာန်သာသနာ ပြီးနောက် ဒုတိယမြောက် အကြီးဆုံး ကိုးကွယ်ရာဘာသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သုတေသနပြုသူတို့၏အဆိုအရ ကမ္ဘာတွင် ၁.၈ ဘီလီယံ မွတ်စလင်မ် လူဦးရေရှိပြီး ကမ္ဘာ့လူဦးရေ၏ ၂၄.၁% ရှိသည်။[2]
![](http://upload.wikimedia.org/wikipedia/commons/thumb/b/ba/Islam_percent_population_in_each_nation_World_Map_Muslim_data_by_Pew_Research.svg/640px-Islam_percent_population_in_each_nation_World_Map_Muslim_data_by_Pew_Research.svg.png)
အစ္စလာမ် သာသနာသည် အနောက်တောင်အာရှ အာဖရိကား[3][4][5][6] နှင့်အချို့သောအာရှတိုင်းပြည်များ၌အများ ဆုံးထွန်းကားသည်။[7] အာဖရိက တိုက်သည် မွတ်စလင်မ် ရာခိုင်နှုန်းအများဆုံး (၃၉-၅၂%) ရှိသောတိုက်ဖြစ် သည်။.[8] တရုတ်၊ ဘာလ်ကာန် နှင့် ရုရှား တို့တွင်လည်း မွတ်စလင်မ် အနည်းငယ်ရှိသည်။ .[3][9] ကမ္ဘာ့နေရာဒေသ အသီးသီးတွင်လည်း မွတ်စလင်မ်များ ဖြန့်ကြက် နေထိုင်လျက်ရှိသည်။ ဥပမာ - အနောက် ဥရောပ တစ်ခွင် ၌ ၆ % ခန့် မွတ်စလင်မ် လူဦးရေရှိသည်။[10]
၂၀၁၂ ခုနှစ်လေ့လာချက်များအရ နိုင်ငံပေါင်း ၄၉ နိုင်ငံသည် မွတ်စလင်မ် လူဦးရေအများဆုံးနိုင်ငံများဖြစ်သည်။[11] ကမ္ဘာ့လူဦးရေ ၆၂% = ၁ မီလီယာ ဦးရေ သည်တောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်ကြသည်။[12] လူဦးရေအများဆုံးနှင့် အကြီးမားဆုံးအစ္စလာမ်မစ် နိုင်ငံများမှာ - အင်ဒိုနီးရှား ကမ္ဘာ့လူဦးရေ၏ ၁၂.၇ %၊ ပါကစ္စသာန် ၁၁ %၊ ဟင်ဒူစသာန် ၁၀.၉ %၊ ဘင်ဂလားဒေ့ရှ် ၉.၂ % တို့ဖြစ်သည်။[3][13] ၂၀ % ခန့်မွတ်စလင်မ် လူဦးရေသည် အာရပ်နိုင်ငံများတွင်နေထိုင်ကြသည်။ အာရှအနောက်တောင်တွင် အီရန်၊ တူရကီ နှင့် အာဖရိကားတွင် အီဂျစ် နှင့် နိုင်ဂျီရီးယား တို့သည် မွတ်စလင်မ် အများဆုံးရှိသောနိုင်ငံများဖြစ်သည်။[3][13]
၂၀၁၀ = ၁၃၈၉ ခုနှစ် သုတေသနထုတ်ပြန်ချက်အရ .[3][14] လက်ဗနွန် ရှိမွတ်စလင်မ်များထက် ဗြိတိန်ရှိ မွတ်စလင်မ် လူဦးရေသည်ပို၍များပြီး ရုရှား ရှိမွတ်စလင်မ် များထက် တရုတ်ပြည်ရှိမွတ်စလင်မ် လူဦးရေသည်ပို၍များသည်။[3]