နိုက်ခီ
အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီ From Wikipedia, the free encyclopedia
အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီ From Wikipedia, the free encyclopedia
နိုက်ခီ အင်ကော်ပိုရေးရှင်း (အင်္ဂလိပ်: Nike, Inc.)[မှတ်စု ၁] သည် ဖိနပ်များ၊ အဝတ်အစားများ၊ အားကစား ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဒီဇိုင်းရေးဆွဲပြုလုပ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်၍ ၎င်း၏ထုတ်ကုန်များအား ကမ္ဘာတဝှမ်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်နေသော အမေရိကန် နိုင်ငံတကာ ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်၊ ဘီဗာတန်မြို့၏ ပေါ့လန်း မြို့ပြဧရိယာအနီးတွင် တည်ရှိသည်။[၄] ၎င်းသည် ကမ္ဘာ့အကြီးဆုံး အားကစားသုံး ဖိနပ်နှင့် အဝတ်အထည်များ တင်ပို့ရေးလုပ်ငန်းစုဖြစ်သည့်အပြင် အားကစားပစ္စည်း ထုတ်လုပ်ရေးတွင်လည်း အဓိကကျသော လုပ်ငန်းစုတစ်ခုဖြစ်သည်။ နိုက်ခီသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကျော်ရရှိထားသည်။[၅][၆]
အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်၊ ဘီဗာတန်မြို့အနီးရှိ ရုံးချုပ် | |
အမျိုးအစား | အများပိုင် |
---|---|
လုပ်ငန်း | |
ဌာနချုပ် | ဘီဗာတန်မြို့၊ အိုရီဂွန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတဝှမ်း |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | အမေရိကန်ဒေါ်လာ $ ၄၆.၇၁ ဘီလီယံ (၂၀၂၂) |
အခွန်မဆောင်မီ ဝင်ငွေ | အမေရိကန်ဒေါ်လာ $ ၆.၈၆ ဘီလီယံ (၂၀၂၂) |
အသားတင် ဝင်ငွေ | အမေရိကန်ဒေါ်လာ $ ၆.၀၅ ဘီလီယံ (၂၀၂၂) |
ရင်းနှီးမြှုပ်နှံမှု | အမေရိကန်ဒေါ်လာ $ ၄၀.၃၂ ဘီလီယံ (၂၀၂၂) |
စုစုပေါင်း ရှယ်ယာတန်ဖိုး | အမေရိကန်ဒေါ်လာ $ ၁၅.၂၈ ဘီလီယံ (၂၀၂၂) |
အလုပ်သမားဦးရေ | c. ၇၉,၁၀၀ (မေ ၂၀၂၂) |
ကုမ္ပဏီခွဲ | Converse |
ကိုးကား [၁] |
ကုမ္ပဏီကို Bill Bowerman နှင့် ဖီးလ် နိုက်တ် တို့မှ "Blue Ribbon Sports" ဟူသော အမည်ဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင် Nike Inc. ဟူသော အမည်သည် တရားဝင်ဖြစ်လာခဲ့သည်။ ကုမ္ပဏီသည် ၎င်း၏အမည်ကို ဂရိအောင်ပွဲနတ်သမီး Nike ၏ အမည်အား အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။[၇] နိုက်ခီသည် Air Jordan နှင့် Converse လုပ်ငန်းခွဲများ အပါအဝင် Nike Golf၊ Nike Pro၊ Nike+ ၊ Air Jordan ၊ Nike Blazers ၊ Air Force 1၊ Nike Dunk၊ Air Max ၊ Foamposite၊ Nike Skateboarding ၊ Nike CR7[၈] စသည့် ၎င်း၏ ထုတ်ကုန်များအား ၎င်း၏ကိုယ်ပိုင်အမှတ်တံဆိပ်အောက်၌ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။[၉] အားကစားဝတ်စုံနှင့် ပစ္စည်းများကို ထုတ်လုပ်ခြင်းအပြင် ကုမ္ပဏီသည် Niketown အမည်ဖြင့် လက်လီစတိုးဆိုင်များကိုလည်း ဖွင့်လှစ်ထားသည်။ Nike သည် ၎င်း၏ ကမ္ဘာတဝှမ်း အသိအမှတ်ပြုခြင်းခံထားရသော "Just Do It" နှင့် အမှန်ခြစ် (Swoosh) လိုဂိုအမှတ်တံဆိပ်တို့ဖြင့် ကမ္ဘာတစ်ဝန်းမှ နာမည်ကြီး အားကစားသမားများနှင့် အားကစားအသင်းများစွာကို ပံ့ပိုးကူညီပေးထားသည်။
၂၀၂၀ ခုနှစ်စာရင်းအရ နိုက်ခီသည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းဦးရေ ၇၆.၇၀၀ ဦးအား အလုပ်ခန့်အပ်ထားသည်။[၁၀] ၂၀၂၀ ခုနှစ်တွင် အမှတ်တံဆိပ်တစ်ခုတည်း၏တန်ဖိုးသည် အမေရိကန် ဒေါ်လာ $ ၃၂ ဘီလီယံကျော်ရှိခဲ့ပြီး အားကစားလုပ်ငန်းများတွင် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။[၁၁] ယခင် ၂၀၁၇ ခုနှစ်က နိုက်ခီ အမှတ်တံဆိပ်တန်ဖိုးသည် အမေရိကန် ဒေါ်လာ $ ၂၉.၆ ဘီလီယံရှိခဲ့သည်။[၁၂] Nike သည် ၂၀၁၈ ခုနှစ် Fortune 500 စာရင်းတွင် နံပါတ် (၈၉) နေရာ၌ ရပ်တည်ခဲ့သည်။[၁၃]
ခုနှစ် | ဝင်ငွေ | အသားတင်ဝင်ငွေ | စုစုပေါင်းပိုင်ဆိုင်မှု | ရှယ်ယာတစ်ခု၏ ဈေးနှုန်း (အမေရိကန်ဒေါ်လာ) |
ဝန်ထမ်း အရေအတွက် |
---|---|---|---|---|---|
(အမေရိကန်ဒေါ်လာ သန်းဂဏန်းပမာဏဖြင့်) | |||||
၂၀၀၅ | ၁၃,၇၄၀ | ၁,၂၁၂ | ၈,၇၉၄ | ၈.၇၅ | ၂၆,၀၀၀ |
၂၀၀၆ | ၁၄,၉၅၅ | ၁,၃၉၂ | ၉,၈၇၀ | ၉.၀၁ | ၂၈,၀၀၀ |
၂၀၀၇ | ၁၆,၃၂၆ | ၁,၄၉၂ | ၁၀,၆၈၈ | ၁၂.၁၄ | ၃၀,၂၀၀ |
၂၀၀၈ | ၁၈,၆၂၇ | ၁,၈၈၃ | ၁၂,၄၄၃ | ၁၃.၀၅ | ၃၂,၅၀၀ |
၂၀၀၉ | ၁၉,၁၇၆ | ၁,၄၈၇ | ၁၃,၂၅၀ | ၁၂.၁၄ | ၃၄,၃၀၀ |
၂၀၁၀ | ၁၉,၀၁၄ | ၁,၉၀၇ | ၁၄,၄၁၉ | ၁၆.၈၀ | ၃၄,၄၀၀ |
၂၀၁၁ | ၂၀,၁၁၇ | ၂,၁၃၃ | ၁၄,၉၉၈ | ၁၉.၈၂ | ၃၈,၀၀၀ |
၂၀၁၂ | ၂၃,၃၃၁ | ၂,၂၁၁ | ၁၅,၄၆၅ | ၂၃.၃၉ | ၄၄,၀၀၀ |
၂၀၁၃ | ၂၅,၃၁၃ | ၂,၄၇၂ | ၁၇,၅၄၅ | ၃၀.၅၀ | ၄၈,၀၀၀ |
၂၀၁၄ | ၂၇,၇၉၉ | ၂,၆၉၃ | ၁၈,၅၉၄ | ၃၈.၅၆ | ၅၆,၅၀၀ |
၂၀၁၅ | ၃၀,၆၀၁ | ၃,၂၇၃ | ၂၁,၅၉၇ | ၅၃.၁၈ | ၆၂,၆၀၀ |
၂၀၁၆ | ၃၂,၃၇၆ | ၃,၇၆၀ | ၂၁,၃၇၉ | ၅၄.၈၀ | ၇၀,၇၀၀ |
၂၀၁၇ | ၃၄,၃၅၀ | ၄,၂၄၀ | ၂၃,၂၅၉ | ၅၄.၉၉ | ၇၄,၄၀၀ |
၂၀၁၈ | ၃၆,၃၉၇ | ၁,၉၃၃ | ၂၂,၅၃၆ | ၇၂.၆၃ | ၇၃,၁၀၀ |
၂၀၁၉ | ၃၉,၁၁၇ | ၄,၀၂၉ | ၂၃,၇၁၇ | ၈၆.၇၃ | ၇၆,၇၀၀ |
၂၀၂၀ | ၃၇,၄၀၃ | ၂,၅၃၉ | ၃၁,၃၄၂ | ၁၀၆.၄၆ | ၇၅,၄၀၀ |
၂၀၂၁ | ၄၄,၅၃၈ | ၅,၇၂၇ | ၃၇,၇၄၀ | ၁၄၁.၄၇ | ၇၃,၃၀၀ |
၂၀၂၂ | ၄၆,၇၁၀ | ၆,၀၄၆ | ၄၀,၃၂၁ | ၁၆၆.၆၇ | ၇၉,၁၀၀ |
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.