နာဂစ်မုန်တိုင်း
မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်း / From Wikipedia, the free encyclopedia
နာဂစ်မုန်တိုင်း သည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။[1] မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။[2][3][4] လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။[5] ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[6]
အချက်တိုများ အလွန်အမင်း ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး), ဖြစ်ပေါ်ခြင်း ...
အလွန်အမင်း ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး) | |
---|---|
အဆင့် ၄ (Saffir–Simpson scale) | |
မေ ၂ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေသော နာဂစ်မုန်တိုင်း | |
ဖြစ်ပေါ်ခြင်း | ဧပြီ ၂၇၊ ၂၀၀၈ |
ကွယ်ပျောက်ခြင်း | မေ ၃၊ ၂၀၀၈ |
အမြင့်ဆုံးလေတိုက်နှုန်း | 3-minute sustained: တစ်နာရီ ၂၁၅ ကီလိုမီတာနှုန်း (တစ်နာရီ ၁၃၀ မိုင်နှုန်း) 1-minute sustained: ၂၅၀ ကီလိုမီတာနှုန်း (တစ်နာရီ ၁၅၅ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၂၇ mbar (hPa)၊ ၂၇.၃၇ inHg |
အသေအပျောက် | စုစုပေါင်း ၁၃၈,၃၅၅ |
ပျက်စီးမှု | $10 ဘီလီယံ (၂၀၀၈ USD) |
သက်ရောက်သည့် ဧရိယာ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ။ |
ပိတ်ရန်