From Wikipedia, the free encyclopedia
နန်းပန်မြို့ သို့မဟုတ် နန့်ပန်မြို့ သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ မြို့တစ်မြို့ ဖြစ်သည်။ နန့်ပန်ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ရပ်ကွက်ဖြင့် မြို့အဖြစ်အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
နန်းပန်မြို့ နန့်ပန် | |
---|---|
မြို့ | |
ကိုဩဒိနိတ်: 20°39′N 96°56′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
ခရိုင် | ကလောခရိုင် |
မြို့နယ် | ညောင်ရွှေမြို့နယ် |
အချိန်ဇုန် | MST (UTC+6:30) |
ယခင်က နမ့်ပန်ကျေးရွာအုပ်စုကို ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခုအခါ နမ်းပန်ကျေးရွာ၊ ကုန့်ကယ်ကျေးရွာ၊ ကြာတောကျေးရွာတို့ကို ရပ်ကွက်(၁) အဖြစ်လည်းကောင်း၊ ပေါက်ပါးကျေးရွာ၊ ရေလယ်ကျေးရွာတို့ကို ရပ်ကွက်(၂) အဖြစ်လည်းကောင်း၊ ဈေးပါးကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ နောက်ကန်ကျေးရွာတို့ကို ရပ်ကွက်(၃) အဖြစ်လည်းကောင်း၊ သရက်ပင်ကျေးရွာ၊ မန်ကျီးကုန်းကျေးရွာ၊ ရေတွင်းပက်ကျေးရွာတို့ကို ရပ်ကွက်(၄)အဖြစ်လည်းကောင်း မြို့အဖြစ်ဖွဲ့စည်းခဲ့သည်။[1]
နမ့်ပန်ကျေးရွာအုပ်စုကိုယခင် ၁၉၅၉ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်စဉ်က အင်းလေးတောင်ပိုင်းဒေသကို နမ့်ပန်မြို့နယ်အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး အင်းလေးဒေသတွင် ညောင်ရွှေနှင့်နန်းပန်မြို့နယ် ၂ ခုရှိခဲ့ရာမှ ပြည်တွင်းမငြိမ်းချမ်းမှု အခြေအနေများကြောင့် နန်းပန်မြို့နယ်ကို မြို့နယ်အဆင့်မှ လျှော့ချပြီး ညောင်ရွှေမြို့နယ်အတွင်းကို ထည့်သွင်းကာ ညောင်ရွှေတစ်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။[2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.