၂၀၂၂ အမေရိကန်မှထိုင်ဝမ်သို့ သံတမန်ခရီးစဉ် From Wikipedia, the free encyclopedia
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီသည် ထိုင်ဝမ် ခေါ် တရုတ်သမ္မတနိုင်ငံသို့ အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ လည်ပတ်၍အပြီးတွင် ရောက်ရှိလာခဲ့သည်။[1] အမေရိကန်အိမ်ဖြူတော်သည် ထိုခရီးစဉ်ကိုတရားဝင်ထောက်ပံ့ခြင်းမရှိဟုဆိုခဲ့သည်။[2][3][4] သူမရောက်ရှိပြီး မကြာမီတွင် ပလိုစီသည် သူမ၏ခရီးစဉ်သည် "ထိုင်ဝမ်၏ဒီမိုကရေစီကို ထောက်ခံသည့် အမေရိကန်ပြည်ထောင်စု၏ မယိမ်းမယိုင်သော ကတိကဝတ်များ၏ လက္ခဏာဖြစ်ကြောင်း" ပြောကြားခဲ့သည်။ သူမသည် ဥပဒေပြုရေးယွမ်သို့ သွားရောက်ခဲ့ပြီး နောက်နေ့တွင် သမ္မတချိုင်အင်းဝမ်နှင့် တွေ့ဆုံခဲ့သည်။[5] ထိုင်ဝမ်ပြည်သူများသည် သူမကိုယူကရိန်းအလံ၏ အရောင်များဖြစ်ကြသော အဝါနှင့်အပြာရောင်တို့ကို ဝတ်ဆင်၍ကြိုဆိုခဲ့ကြသည်။[6]
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ (ဝဲ) နှင့် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ် (ယာ) တို့ ထိုင်ဝမ်သမ္မတရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြစဉ် | |
နေ့ရက် | ဩဂုတ် ၂–၃, ၂၀၂၂ |
---|---|
တည်နေရာ | ထိုင်ပေ၊ ထိုင်ဝမ် |
ပါဝင်သူများ | အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှ ကိုယ်စားလှယ်များ တရုတ်သမ္မတနိုင်ငံမှ ကြိုဆိုသူများ |
ပလိုစီ ထွက်ခွာပြီးနောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကိုဝန်းရံထား၍ စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ပြီး ဩဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။[7]
၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်နေ့ မနက်ချိန်အထိ နန်စီ ပလိုစီသည် ထိုင်ဝမ်သို့ အလည်လာမည်၊ မလာမည်ကို သေသေချာချာ မသိရဖြစ်နေခဲ့သည်။[8][9][10] အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ် ဂျွန် ကာဘီ (John Kirby) သည် ဩဂုတ်လ ၁ ရက်နေ့၌ အမေရိကန်နိုင်ငံရေးသမားက ထိုင်ဝမ်သို့အလည်လာခြင်းကို ဆန့်ကျင်လိုသောအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိုင်ဝမ်အနားသို့ ဒုံးကျည်များပစ်ခတ်ခြင်း သို့မဟုတ် စစ်ရေးလေ့ကျင့်မှုများပြုလုပ်လာနိုင်ကြောင်း၊ ထိုသို့အကြမ်းအတမ်းလုပ်ရပ်များကို လုပ်ပါကလည်း အမေရိကန်အနေဖြင့် ရပ်ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။[11]
လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားမှုများရှိသော်လည်း[12]ပလိုစီသည် ဩဂုတ် ၂ ရက် ညနေ ၁၀ နာရီ ၄၃ မိနစ်တွင် ထိုင်ပေမြို့သို့ စစ်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တရုတ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူမှကြိုဆိုခဲ့သည်။[5] သူမရောက်ရှိချိန်တွင် အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီနှင့် အတိုက်အခံကိုမင်တန်ပါတီ နှစ်ဖက်စလုံးက ထိုခရီးစဉ်ကိုထောက်ခံခဲ့ကြသည်။[13] ဩဂုတ်လ ၃ ရက်နေ့တွင် သမ္မတချိုင်အင်းဝမ်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတရုံးအဆောက်အအုံတွင် သမ္မတချိုင်သည် "First Class Order of Propitious Clouds" ဂုဏ်ပြုဆုတံဆိပ်ကို သူမအားချီးမြှင့်ခဲ့သည်။[14] ပလိုစီသည် ဥပဒေပြုရေးယွမ်အား မိန့်ခွန်းပြောကြားခဲ့သည်။[15]
ထိုခရီးစဉ်နှင့်ပက်သက်သည့် သတင်းထုတ်ပြန်ချက်ထဲတွင် သူမသည် "ထိုခရီးစဉ်သည် အမေရိကန်၏မူဝါဒကို မည်သို့သောနည်းနှင့်မျှ မဆန့်ကျင်ခဲ့ကြောင်း၊ ရှိရင်းစွဲအခြေအနေများကို မပြောင်းလဲလိုကြောင်း" ဆိုခဲ့သည်။[16] အမျိုးသားလုံခြုံရေးကောင်စီရှိ မဟာဗျူဟာမြောက် ဆက်သွယ်ရေးအတွက် အိမ်ဖြူတော်ညှိနှိုင်းရေးမှူး ဂျွန် ကာဘီ သည်လည်း ထိုခရီစဉ်ကာလအတွင်းပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် "သူမ၏ခရီးစဉ်သည် ထိုင်ဝမ်ပြည်ဆက်ဆံရေးအက်ဥပဒေ၊ အမေရိကန်–တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးတွဲကြေညာချက်သုံးရပ်နှင့် အာမခံချက်ခြောက်ချက်တို့ဖြင့် ဖွဲ့စည်းထားသောမိမိတို့၏ တရုတ်တစ်ပြည်ပေါ်လစီ၏မူဘောင်အတွင်း၌ရှိကြောင်း" ပြောကြားခဲ့သည်။[17]
ပလိုစီသည် ဩဂုတ် ၃ ရက် ညနေ ၆ နာရီတွင် ထိုင်ဝမ်မှ ထွက်ခွာခဲ့သည်။[18]
ဥက္ကဋ္ဌပလိုစီ၏ ကိုယ်စားလှယ်အဖွဲ့တွင် အောက်ဖော်ပြပါ အမေရိကန် အောက်လွှတ်တော် အဖွဲ့ဝင်များပါဝင်သည်။[19]
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) သည် ထိုင်ဝမ်အစိုးရအုပ်ချုပ်ရာဒေသများကို မိမိပိုင်နယ်ဟုမှတ်ယူသောကြောင့် အမေရိကန်အစိုးရ၏ ရာထူးကြီးအမှုထမ်းမှ ထိုင်ဝမ်သို့အလည်ရောက်လာခြင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း ထိုခရီးစဉ်အပေါ်အဆက်မပြတ်ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် နှင့် ပီအာစီခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ တယ်လီဖုန်းခေါ်ဆိုကြရာတွင် ဘိုင်ဒင်အနေဖြင့် ပလိုစီကို တရုတ်သမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုပါက အမေရိကန်သည် "မီးနှင့်ကစားရာရောက်သည်" ဟု ပီအာစီအစိုးရက သတိပေးခဲ့သည်။[20][21] ဩဂုတ် ၂ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်က ထိုသို့ထိုင်ဝမ်သို့အလည်လာခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ–အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်းပြောကြားခဲ့သည်။[22]
ထိုနေ့၌ပင် တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်မှ စစ်လေယာဉ် ၂၁ စင်းသည် ထိုင်ဝမ်၏လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[23]
ထိုင်ပေတွင် ပလိုစီ၏ဆင်းသက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ဩဂုတ်လ ၂ ရက်နေ့ ညအချိန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ဘက်စစ်တလင်းဌာနချုပ်သည် ထိုင်ဝမ်ကျွန်း၏ မြောက်၊ အနောက်တောင်နှင့် အရှေ့တောင်ဘက်ဒေသများတွင် ပူးတွဲရေတပ်နှင့်လေတပ် စစ်ရေးလေ့ကျင့်ခန်းများကိုစတင်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ ဒုံးကျည်အမျိုးမျိုးတို့ကို စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။[24]ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကိုဝန်းရံထားသည့် ဒေသများတွင် ဩဂုတ် ၄ ရက်မှ ဩဂုတ် ၇ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟုကြေညာခဲ့သည်။[7][25]တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပေကျင်းရှိ အမေရိကန်သံအမတ်ကြီး နီကိုလက်စ် ဘန်းစ် (Nicolas Burns) ကို သမ္မန်ဆင့်ခေါ်ပြီး ထိုခရီးစဉ်နှင့်ပက်သက်၍ ပြစ်တင်ပြောဆိုခဲ့သည်။[26]
ဩဂုတ် ၅ တွင် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ပလိုစီနှင့် သူမ၏မိသားစုကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။[27][28][29]
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်အပါအဝင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂၆ ဦးတို့သည်လည်း ပလိုစီ၏ခရီးစဉ်ကို "အမေရိကန်ပြည်ထောင်စု၏ တရုတ်တစ်ပြည်ထောင်မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း" မကြုံစဖူးထောက်ခံခဲ့ကြသည်။[30]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.