![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/22/StarOfNanchang20070718.jpg/640px-StarOfNanchang20070718.jpg&w=640&q=50)
နန်ချန်းစတား
From Wikipedia, the free encyclopedia
နန်ချန်းစတား (南昌之星) သည် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ ကျန်းရှီးပြည်နယ် ရုံးစိုက်ရာ နန်ချန်းမြို့တွင် တည်ရှိသော ၁၆၀ မီတာ (၅၂၅ ပေ) မြင့်မားသည့် ချားရဟတ်ကြီးဖြစ်သည်။ နန်ချန်းစတားအား ဆောက်လုပ်သည့် ကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ ၅၇ သန်း (အမေရိကန်ဒေါ်လာ ၇.၃ သန်းခန့်) ဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလတွင် စတင်လည်ပတ်သည်။ [1] ထိုအချိန်မှစ၍ ၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စင်ကာပူ ဖလိုင်ယာအား မဖွင့်လှစ်မီအထိ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ချားရဟတ်ဖြစ်ခဲ့သည်။ လက်ရှိ အမြင့်ဆုံးဖြစ်သည့် စင်ကာပူ ဖလိုင်ယာ၏ အမြင့်မှာ ၁၆၅ မီတာ (၅၄၁ ပေ) ရှိ၍ နန်ချန်းစတားထက် ၅ မီတာ (၁၆ ပေ) ပိုမြင့်သည်။[2]
နန်ချန်းစတား Star of Nanchang | |
---|---|
![]() | |
![]() | |
အထွေထွေ အချက်အလက်များ | |
တည်နေရာ | နန်ချန်းမြို့၊ ကျန်းရှီးပြည်နယ်၊ တရုတ်နိုင်ငံ |
ကုန်ကျငွေ | ယွမ်ငွေ ၅၇ သန်း |
အမြင့် | |
အမိုး | ၁၆၀ မီတာ (၅၂၅ ပေ) |
နန်ချန်းစတားတွင် လေအေးပေးစက် (အဲယားကွန်း) တပ်ဆင်ထားသည့် အလုံပိတ် ရဟတ်တွဲ (gondola) ၆၀ ရှိပြီး တွဲတစ်တွဲတွင် အများဆုံး လူ ၈ ဦးဝင်ဆံ့သောကြောင့် တစ်ကြိမ်လျှင် အများဆုံး လူ ၄၈၀ စီးနိုင်သည်။ ချားရဟတ် တစ်ပတ်ပြည့်ရန် လည်ပတ်ချိန်မှာ မိနစ် ၃၀ ကြာမြင့်သည်။ လည်ပတ်နှုန်း နှေးသဖြင့် ရဟတ်ကို ရပ်ရန်မလိုဘဲ စီးနင်းလိုက်ပါသူများက တွဲပေါ်သို့ အလွယ်တကူ တက်ဆင်းနိုင်စေသည်။ လူတစ်ဦးချင်းအတွက် လက်မှတ်မှာ ယွမ်ငွေ ၅၀ ( ၆ ဒေါ်လာကျော်) ဖြစ်သည်။