မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် From Wikipedia, the free encyclopedia
နန္ဒာလှိုင်သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကြော်ငြာသရုပ်ဆောင် လောကတွင် နာမည်ကျော်ကြား လူကြိုက်များသော မင်းသမီး တစ်လက်ဖြစ်ခဲ့သည်။
အကယ်ဒမီ နန္ဒာလှိုင် | |
---|---|
နိုင်ငံလူမျိုး | မြန်မာနိုင်ငံသား မွန်လူမျိုး |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် |
ဇာတိ | မော်လမြိုင် |
အိမ်ထောင်ဖက်(များ) | ဇေသီဟ (လက်ထပ် 2008) |
သားသမီး | ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင် |
ဆွေမျိုးသားချင်း | ဇေကမ္ဘာ ခင်ရွှေ၊ဦး(ယောက္ခမ) |
၁၉၉၆ ခုနှစ်တွင် မြားနတ်မောင် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာကာ ၁၉၉၈ ခုနှစ်တွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။[1]
နန္ဒာလှိုင်သည် မွန်လူမျိုးဖြစ်သည်။ဇေကမ္ဘာ ခင်ရွှေ၊ဦး ၏ သားဖြစ်သူ ဇေသီဟနှင့် ၂၀၀၈ ခုနှစ် မေလတွင် လက်ထပ်ခဲ့သည်။[2][3] ၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး[4] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။[5]၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ ကုမ္ပဏီဖြစ်သော မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံတွင်း တင်သွင်းဖြန့်ဖြူးခွင့်ကို ရရှိခဲ့သည်။[6][7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.