ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)
လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) (အတိုကောက် ဒကစ(လောက်ကိုင်)) သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အခြေစိုက်သည်။ ဒကစ(လောက်ကိုင်)၏ အဓိကတာဝန်မှာ ရမခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်ထိစပ်နေသော နယ်နိမိတ်မျဉ်းရှိသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ ထို့ပြင် လက်ရှိတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားဆဲဖြစ်သဖြင့် အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ကူညီလျက်ရှိသည်။ လက်ရှိ ဒကစ(လောက်ကိုင်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မိုးကျော််သူ ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)(ကျရှူံး) | |
---|---|
ဒကစ(လောက်ကိုင်) | |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | အရှေ့မြောက်တိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | လောက်ကိုင်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် မိုးကျော်သူ |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် |