ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)
တနိုင်းမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) (အတိုကောက် ဒကစ(တနိုင်း)) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် အခြေစိုက်သည်။ ဒကစ(တနိုင်း)၏ အဓိကတာဝန်မှာ မပခ နှင့်အလှမ်းဝေးသော တနိုင်းမြို့နှင့် ၎င်း၏အနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၏ လုံခြုံရေးနှင့် စစ်ဆင်ရေးကိစ္စရပ်များကို မပခ ကိုယ်စား ကွပ်ကဲအုပ်ချုပ်ရန်၊ ဒကစ(တနိုင်း)နယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(တနိုင်း)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မြတ်မင်းမိုး ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) | |
---|---|
ဒကစ(တနိုင်း) | |
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | တနိုင်းမြို့၊ ကချင်ပြည်နယ် |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် မြတ်မင်းမိုး |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် |