![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/42/MM_Western_RMC_Badge.svg/langmy-640px-MM_Western_RMC_Badge.svg.png&w=640&q=50)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)
စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) (အတိုကောက် ဒကစ(စစ်တွေ)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အခြေစိုက်သည်။ ဒကစ(စစ်တွေ)၏ အဓိကတာဝန်မှာ နပခ နှင့်အလှမ်းဝေးသော စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ၎င်းနယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဆန်းထေးမောင် ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) | |
---|---|
ဒကစ(စစ်တွေ) | |
![]() အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | စစ်တွေမြို့၊ စစ်တွေခရိုင်၊ ရခိုင်ပြည်နယ် |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် ဆန်းထေးမောင် |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် | ![]() |