ဒေတာစင်တာ
From Wikipedia, the free encyclopedia
ဒေတာ စင်တာ ဆိုသည်မှာ ကွန်ပျူတာစနစ်များ နှင့် ၎င်းတို့နှင့် ဆက်စပ်နေသာ စနစ်များဖြစ်သည့် ဆက်သွယ်ရေး စနစ်များ နှင့် အချက်အလက်များအား သိုမှီးသိမ်းဆည်းသည့် စနစ်များကို ထားရှိရာ အဆောက်အဦးတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် အပို သို့မဟုတ် အရေးပေါ်သုံး ဓာတ်အားပေးစနစ်များ၊ အချက်အလက် ဆက်သွယ်ရေး ချိတ်ဆက်မှု အပိုများ နှင့် ပတ်ဝန်းကျင် ထိန်းညှိရေးစနစ် (ဥပမာ လေညှိခြင်း နှင့် မီးသတ်ခြင်း စနစ်များ)၊ အမျိုးမျိုးသော လုံခြုံရေး ကိရိယာများ တပ်ဆင်ထားလေ့ ရှိသည်။ လုပ်ငန်းသုံး အဆင့်လည်ပတ်နေသော ကြီးမားသည့် ဒေတာစင်တာများသည် မြို့ငယ်တစ်မြို့စာမျှ လျှပ်စစ်ဓာတ်အားကို အသုံးပြုလေ့ ရှိကြသည်။ [1][2]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a7/NetworkOperations.jpg/320px-NetworkOperations.jpg)