ဒူဗရော့ဗ်နစ်ခ်မြို့ [dǔbroːʋniːk] ( );[1] သည် အေဒြီယက်တစ်ပင်လယ် ပေါ်တွင် တည်ရှိသော ခရိုအေးရှားနိုင်ငံမှ မြို့တော်တစ်ခုဖြစ်ပြီး ဒယ်လ်မားရှား ဒေသတွင် တည်ရှိသည်။ မြေထဲပင်လယ် ဒေသ အတွင်း အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ တစ်ခု ဖြစ်သည့် အပြင် ဆိပ်ကမ်းမြို့ တစ်မြို့ နှင့် ဒူဗရော့ဗ်နစ်ခ်-နာရက်ဗာ ကောင်တီ၏ အချက်အချာ နေရာလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၄၂,၆၁၅ ဦး ရှိသည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရသည်။

အချက်တိုများ ဒူဗရော့ဗ်နစ်ခ်မြို့ Dubrovnik, နိုင်ငံ ...
ဒူဗရော့ဗ်နစ်ခ်မြို့

Dubrovnik
မြို့တော်
Thumb
(ထိပ်) ဒူဗရော့ဗ်နစ်ခ်မြို့ဟောင်း၊ (ဒုတိယတန်း ဝဲ) စပွန်ဇာနန်းတော် (ဒုတိယတန်း ယာ) ရက်တာ၏ နန်းတော် (တတိယတန်း ဝဲ) မြို့တံတိုင်းများ (တတိယတန်း ယာ) ဒူဗရော့ဗ်နစ်ခ် ကက်သီဒရယ် ဘုရားကျောင်း (အောက်ဆုံး) မြို့၏ အဓိကလမ်း စထရာဒမ် ၏ မြင်ကွင်းပုံ
Thumb
အလံ
Thumb
စည်းတံဆိပ်
နိုင်ငံခရိုအေးရှားနိုင်ငံ
ကောင်တီဒူဗရော့ဗ်နစ်ခ်-နာရက်ဗာ
ပိတ်ရန်
အချက်တိုများ ဒူဗရော့ဗ်နစ်ခ် ရှေးဟောင်းမြို့*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
ဒူဗရော့ဗ်နစ်ခ် ရှေးဟောင်းမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ခရိုအေးရှား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, iv
ကိုးကား ၉၅
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
သက်တမ်းတိုးခြင်း ၁၉၉၄
ပျောက်ပျက်ရန် စိုးရိမ်ရမှု ၁၉၉၁-၁၉၉၈
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
ပိတ်ရန်

မြို့၏ ကြွယ်ဝချမ်းသာမှုသည် သမိုင်းကြောင်းအရ ရေကြောင်းကုန်သွယ်ရေး အပေါ်တွင် မူတည်နေခဲ့ပြီး ရာဂူဆာ သမ္မတနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၅ ရာစု နှင့် ၁၆ ရာစု အတွင်း အလွန် ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ချမ်းသာကြွယ်ဝမှု နှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုတို့ကြောင့် ကျော်ကြားခဲ့သည်။

၁၉၉၁ ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲချိန်တွင် ဒူဗရော့ဗ်နစ်မြို့သည် ယူဂိုဆလပ် ပြည်သူ့ တပ်မတော် တွင် ပါဝင်သော ဆာ့ဘ် နှင့် မွန်တီနီဂရိုး စစ်သားတို့၏ သိမ်းပိုက်မှုကို ၇ လတာမျှ ကြာအောင် ခံခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် သိသာထင်ရှားစွာ ပျက်စီးမှုများ ရှိခဲ့သည်။[2][3][4][5][6][7][8][9] ၁၉၉၀ ခုနှစ်များ နှင့် ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းတွင် ပြုပြင်ရေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် ဒူဗရော့ဗ်နစ်ခ်သည် မြေထဲပင်လယ်ဒေသ၏ ထိပ်ဆုံး ကမ္ဘာလှည့် ခရီးသွား နေရာ တစ်ခု အဖြစ် ပြန်လည် အသက်ဝင်လာခဲ့သည်။ [10][11][12][13]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.