![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e0/Flag_of_DKBA.svg/langmy-640px-Flag_of_DKBA.svg.png&w=640&q=50)
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
မြန်မာနိုင်ငံရှိ သောင်းကျန်းသူအဖွဲ့ / From Wikipedia, the free encyclopedia
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (အင်္ဂလိပ်: Democratic Karen Benevolent Army) ကို ဒီကေဘီအေ တပ်မဟာ-၅ ဟုလည်း ခေါ်ဆိုသည်။ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မဟာ-၅ ကို တပ်ရင်း(၅)ရင်းဖြင့် ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးချုပ် (ခ)နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် Democratic Karen Benevolent Army | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
![]() ဒီကေဘီအေ တပ်မဟာ-၅ မှ အသုံးပြုသော အလံတော် | |
လှုပ်ရှား | ဩဂုတ် ၂၀၁၀ (၂၀၁၀-၀၈)–လက်ရှိ |
ခံယူချက် | ကရင်အမျိုးသားရေး[1] ထေရဝါဒ ဗုဒ္ဓဘာသာ[2] |
ဦးဆောင်သူများ | ဗိုလ်မှူးချုပ် စောလားဖွယ် (၂၀၁၀–၂၀၁၆) ဗိုလ်ချုပ်ကြီး စောမိုရှေး (၂၀၁၆–၂၀၂၁) ဒုဗိုလ်ချုပ်ကြီး စောစတီး (၂၀၂၁–လက်ရှိ) |
ဌာနချုပ် | ဆုံဆည်းမြိုင်၊ မြဝတီမြို့နယ် |
လှုပ်ရှားသည့် ဧရိယာ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အင်အား | ၁,၅၀၀[3][4] |
မဟာမိတ် | ရခိုင်ပြည်တပ်မတော် |
ပြိုင်ဘက် | ![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ
|
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မဟာ-၅ သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည်။[2]
စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် လစ်လပ်သွားသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[5]