![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a8/Domino_effect.jpg/640px-Domino_effect.jpg&w=640&q=50)
ဒိုမီနို သက်ရောက်မှု
From Wikipedia, the free encyclopedia
ဒိုမီနို သက်ရောက်မှု (သို့) ဆက်တိုက်ဆင့်ကဲဖြစ်ပွားခြင်း (အင်္ဂလိပ်: domino effect) ကို ချိတ်ဆက်တုံ့ပြန်ခြင်း (chain reaction) ဟုလည်း ခေါ်ဆိုကာ အနက်အဓိပ္ပာယ်မှာ ဖြစ်ပျက်မှုတစ်ခုက ဆင်တူသော ဖြစ်ပျက်မှုအတွဲလိုက် (အစဉ်အတန်း) ကိုဖြစ်ပျက်စေလိုက်သောအခါ တစ်စတစ်စတိုးပွားလာသော သက်ရောက်မှု၊ အကျိုးတရားကို ဆိုလိုသည်။[1] ဤဝေါဟာရကို လှုပ်ရှားမှုဆိုင်ရာ အကျိုးသက်ရောက်မှုအဖြစ် လူသိအများဆုံးဖြစ်ကာ ဒိုမီနိုအချပ်များ (ဒိုးဇက်ချပ်) အတွဲလိုက် လဲကျခြင်းကို တူညီသည့်သဘောဖြင့်ညနှိုင်းယှဉ်စဉ်းစားထားသည့် ဝေါဟာရအသုံးလည်းဖြစ်သည်။ စံအားဖြင့် ချိတ်ဆက်ဆက်သွယ်နေသော အတွဲလိုက်အဖြစ်အပျက်များကို ရည်ညွှန်းသည်ဖြစ်ပြီး ထိုအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားနေမှုကြားက အချိန်ကာလသည် တစ်နည်းအားဖြင့် တိုတောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ဤဝေါဟာရကိုပင် တိုက်မိ/ဆောင့်မိခြင်း (တကယ့်)ဖြစ်ပျက်မှုအစဉ်အတန်းဟု တိုက်ရိုက်သုံးစွဲနိုင်ပြီး တင်စားမှုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ငွေကြေး၊ နိုင်ငံရေးရာများ၏ ချိတ်ဆက်ဖြစ်ပျက်မှုဟူ၍လည်း သုံးစွဲနိုင်ပေသည်။ တိုက်ရိုက်ဖြစ်စေ တင်စားသည်ဖြစ်စေ ကိစ္စနှစ်ခုစလုံး၌ "အဖြစ်အပျက်တစ်ခု ဖြစ်မည်မှာ မရှောင်လွဲနိုင်ဖြစ်သည် (သို့) ဖြစ်တန်ခြေအလွန်မြင့်မားသည် (စတင်ဖြစ်ခဲ့ပြီ ဖြစ်သောကြောင့်) ဟု သွယ်ဝိုက်ညွှန်းဆိုနိုင်ကာ ဆန့်ကျင်ဘက်အားဖြင့် "အဖြစ်အပျက်တစ်ခု ဖြစ်နိုင်မှုလုံးဝမရှိ (သို့) မဖြစ်မည့်အလားအလာ အလွန်မြင့်မားသည်။ (ဒိုမီနိုအချပ်မှာ ထောင်လျက်ရှိနေဆဲ)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a8/Domino_effect.jpg/640px-Domino_effect.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/6d/Domino_01.jpg/640px-Domino_01.jpg)