![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d6/Durham_MMB_02_Cathedral.jpg/640px-Durham_MMB_02_Cathedral.jpg&w=640&q=50)
ဒါရမ်း ကသီဒရယ် ဘုရားရှိခိုးကျောင်း
From Wikipedia, the free encyclopedia
ဒါရမ်း ကသီဒရယ် ဘုရားရှိခိုးကျောင်း ၏ တရားဝင် အမည်အပြည့်အစုံမှာ ခရစ်တော်၊ မယ်တော်မာရီ နှင့် ဒါဟမ်း စိန့်ကတ်ဘတ်တို့၏ ကသီဒရယ် ဘုရားရှိခိုးကျောင်း ဖြစ်ပြီး [1] အင်္ဂလန်နိုင်ငံ ဒါရမ်းမြို့တွင် တည်ရှိသော ကသီဒရယ် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည်။ ကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ဒါဟမ်းဘစ်ရှော့၏ ကျောင်းထိုင်ရာ နေရာဖြစ်ပြီး ဒါရမ်းသာသနာပိုင် ၏ မိခင် ဘုရားရှိခိုးကျောင်းတော် ဖြစ်သည်။ အင်္ဂလိုဆက်ဆွန် သူတော်စင်များ ဖြစ်သော ကတ်ဘတ် နှင့် ဘီဘီ တို့၏ ဗိမာန်များလည်း ရှိသည်။ နေ့စဉ် ဝတ်ပြုရှိခိုး ဆုတောင်းခြင်း ပြုလုပ်ပြီး ၂၀၁၉ ခုနှစ်တွင် လာရောက်လည်ပတ် ဝတ်ပြုသူ ၇၂၇,၃၆၇ ဦး ရှိသည်။ .[2] အင်္ဂလန်နိုင်ငံအတွင်း ပထမအဆင့်အတန်း သတ်မှတ်ခြင်း ခံရသော အဆောက်အဦး တစ်ခု ဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာဖြစ်သော ဒါရမ်းရဲတိုက် နှင့် ကသီဒရယ် ဘုရားရှိခိုးကျောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ [3][4]
ဒါရမ်း ရဲတိုက် နှင့် ကသီဒရယ် ဘုရားရှိခိုးကျောင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
ဒါရမ်း ကသီဒရယ် ဘုရားရှိခိုးကျောင်းအား အနောက်မြောက်ဖက်မှ တွေ့မြင်ရစဉ် | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii, iv, vi |
ကိုးကား | ၃၇၀ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၆ (ဒသမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |