ထိုင်းမှတ်ပုံတင်
From Wikipedia, the free encyclopedia
ထိုင်းမှတ်ပုံတင် (ထိုင်း: ums ประจำตัวประชาชนไทย) သည် အသက် ၇ နှစ်မှ ၇၀ ကြား ထိုင်းနိုင်ငံသားများကို ထုတ်ပေးသော အစိုးရ တရားဝင် ကိုယ်ရေးမှတ်တမ်း ဖြစ်သည်။[3] ပလဲ့ ဖီဘွန်ဆုန်ခရမ် (Plaek Phibunsongkram) ဝန်ကြီးချုပ် ဖြစ်သော ၁၉၄၃ တွင် မှတ်ပုံတင်စနစ် စတင်ကျင့်သုံးသည်။[4] အနိမ့်ဆုံးအသက်ကို မူလက ၁၆ နှစ်ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် ၁၉၈၃ ၌ ၁၅ သို့လည်းကောင်း၊ ၂၀၁၁ တွင် ၇ သို့လည်းကောင်း ပြောင်းလဲလိုက်သည်။
အချက်တိုများ
ထိုင်းမှတ်ပုံတင်ကတ် (ประชาชนไทย) | |
ထိုင်းမှတ်ပုံတင်ကတ် နမူနာပုံ (ပဉ္စမမျိုးဆက် [1]) | |
ထုတ်ပေးသူ | ထိုင်း ထိုင်းပြည်ထဲရေးဌာန၊ စီရင်စုအုပ်ချုပ်ရေးဌာန |
တရားဝင် | ထိုင်း |
စာရွက်စာတမ်းအမျိုးစား | မှတ်ပုံတင်(Identity card) |
တရားဝင်မှုလိုအပ်ချက် | ထိုင်းနိုင်ငံသား |
သက်တမ်းကုန် | ၆ နှစ် (အသက် ၇၀ ထက် ကျော်လွန်သွားပါက ကတ်သက်တမ်း ကုန်ဆုံးခြင်း မရှိတော့[2]) |
ပိတ်ရန်
ထိုကတ်ကို ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက်နှင့် အစိုးရဝန်ဆောင်မှုများ ရယူနိုင်ရန် အသုံးပြုသည်။ အခြား သီးသန့် ဝန်ဆောင်မှုများမှာ မိုဘိုင်းဖုန်း လျှောက်ထားခြင်း၊ သို့မဟုတ် ဘဏ်ငွေစာရင်း အကောင့်ဖွင့်ခြင်း စသည်တို့တွင် သက်တမ်းရှိ မှတ်ပုံတင်ကို ပြသရန် လိုအပ်သည်။ ခိုင်လုံသော အကြောင်းမရှိဘဲ ကတ်ကို မပြသနိုင်လျှင် ဘတ် ၂၀၀ အထိ ဒဏ်တပ်ခံရနိုင်သည်။[3]