![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f8/Theresa_May_%25282016%2529.jpg/640px-Theresa_May_%25282016%2529.jpg&w=640&q=50)
ထရီဇာ မေ
ယူနိုက်တက်ကင်းဒမ်း၏ ဝန်ကြီးချုပ်ဟောင်း / From Wikipedia, the free encyclopedia
ထရီဇာ မယ်ရီ မေ (အင်္ဂလိပ်: Theresa Mary May)(/təˈriːzə/;[1] မွေးဖွားစဉ်နာမည် Brasier; ၁၉၅၆ အောက်တိုဘာ ၁ တွင်မွေးဖွား) သည်ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်နှင့် ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မေ သည် ၂၀၁၀ မှ ၂၀၁၆အထိ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီ ၁၉၉၇ ခုနှစ်မှစတင်ကာ ယခုအထိ (မေဒန်ဟက်ဒ်)ဒေသ Maidenhead တွင်ပါလီမန်အမတ်တစ်ဦးအဖြစ် ထမ်းဆောင်နေပေသည်။ နိုင်ငံရေးအတွေးအခေါ်အားဖြင့် ထရီဇာ မေကို နိုင်ငံလုံးဆိုင်ရာကွန်ဆာဗေးတစ်ဝါဒသမား (သို့) နိုင်ငံလုံးဆိုင်ရာအမျိုးသားဝါဒ (one-nation conservative) အဖြစ်ခွဲခြားဖော်ပြကြသည်။[2]
The Right Honourable ထရီဇာ မေ | |
---|---|
![]() ထရီဇာမေ (၂၀၁၅) | |
ယူနိုက်တက်ကင်းဒမ်း ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း 13 July 2016 – 24 July 2019 | |
ဧကရာဇ် | ဒုတိယမြောက် အဲလိဇဘက် |
Chairman |
|
ယခင်လူ | ဒေးဗစ် ကင်မရွန်း |
ဆက်ခံသူ | ဘောရစ် ဂျွန်ဆင် |
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် (UK) | |
တာဝန်သက်တမ်း 11 July 2016 – 23 July 2019 | |
ယခင်လူ | ဒေးဗစ် ကင်မရွန်း |
ဆက်ခံသူ | ဘောရစ် ဂျွန်ဆင် |
ဓနသဟာယနိုင်ငံများအဖွဲ့ရုံး | |
တာဝန်သက်တမ်း 19 April 2018 – 24 July 2019 | |
အကြီးအကဲ | ဒုတိယမြောက် အဲလိဇဘက် |
ယခင်လူ | Joseph Muscat |
ဆက်ခံသူ | ဘောရစ် ဂျွန်ဆင် |
Home Secretary | |
တာဝန်သက်တမ်း 12 May 2010 – 13 July 2016 | |
ဝန်ကြီးချုပ် | ဒေးဗစ် ကင်မရွန်း |
ယခင်လူ | Alan Johnson |
ဆက်ခံသူ | Amber Rudd |
Minister for Women and Equalities | |
တာဝန်သက်တမ်း 12 May 2010 – 4 September 2012 | |
ဝန်ကြီးချုပ် | ဒေးဗစ် ကင်မရွန်း |
ယခင်လူ | Harriet Harman |
ဆက်ခံသူ | Maria Miller |
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် (UK) | |
တာဝန်သက်တမ်း 23 July 2002 – 6 November 2003 | |
ယခင်လူ | David Davis |
ဆက်ခံသူ |
|
ခေါင်းဆောင် | Iain Duncan Smith |
လွှတ်တော်အဖွဲ့ဝင် for Maidenhead (UK Parliament constituency) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 1 May 1997 | |
ယခင်လူ | Constituency created |
အနိုင်ရမဲ အရေအတွက် | 18,846 (33.3%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ထရီဇာ မေ ဘရေးရှား (1956-10-01) ၁ အောက်တိုဘာ၊ ၁၉၅၆ (အသက် ၆၇) Eastbourne, Sussex, အင်္ဂလန်နိုင်ငံ |
နိုင်ငံရေးပါတီ | ကွန်ဆာဗေးတစ်ပါတီ |
ကြင်ဖော်(များ) | ဖိလစ် မေ (လက်ထပ် ၁၉၈၀) |
နေထိုင်ရာ | Sonning, Berkshire |
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | tmay.co.uk |
မေသည် အောက်စ်ဖို့ဒ်ရှီးယား တွင်ကြီးပြင်းခဲ့ပြီး အောက်စ်ဖို့ဒ်ရှိ St Hugh's College တွင်တက်ရောက်ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ဘွဲ့ရရှိပြီးနောက် သူမသည်အင်္ဂလန်ဘဏ်နှင့် ဘဏ်အကောင့်၊ ဘဏ်ကဒ်မှတဆင့် ငွေပေးချေမှုစီမံအဖွဲ့အစည်းတွင် (Association for Payment Clearing Services) အလုပ်လုပ်ကိုင်ခဲ့ကာ Merton ရှိ Durnsford အတွက်ကောင်စီဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အောက်လွှတ်တော်တွင် နှစ်ကြိမ်ခန့် လွှတ်တော်အမတ်ရွေးကောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ၁၉၉၇ ခုနှစ်တွင်မှ မေဒန်ဟက်ဒ်ဒေသတွင် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်တွင်မေလသည် အတိုက်အခံအစိုးရအဖွဲ့၏ ရာထူးတချို့တွင် ပါဝင်ဆောင်ရွက်ခဲ့၏ ။ သူမသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကွန်ဆာဗေးတစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်းလုပ်ကိုင်ခဲ့ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရကိုဖွဲ့စည်းခဲ့သည့်အခါ မေအား ပြည်ထဲရေးဝန်ကြီးနှင့်အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီးရာထူး ကိုစွန့်လွှတ်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီထပ်မံ အောင်မြင်မှုရခဲ့ပြီး သူမသည်နှစ်ပေါင်း ၆၀ ကျော်အတွင်း သက်တမ်းအရှည်ဆုံးသောပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့ပေသည်။ သူမ၏ရာထူးသက်တမ်းအတွင်း ရဲအဖွဲ့ချုပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့၍ တင်းကြပ်သောမူးယစ်ဆေးဝါးမူဝါဒကိုကျင့်သုံးဆောင်ရွက်ကာ ခက်အရွက်သုံးစွဲခြင်း (khat) [မှတ်စု 1]ကိုပိတ်ပင်ခြင်း၊ ရဲနှင့်ရာဇဝတ်မှုကော်မရှင်နာများ ရွေးချယ်ခံမှုနှင့်ပတ်သက်သော လုပ်ဆောင်ခြင်းကို မိတ်ဆက်သည်။ အကြမ်းဖက်သမား Abu Qatada အားပြည်နှင်ဒဏ်ပေးခြင်း၊ အမျိုးသားရာဇဝတ်မှုအဖွဲ့ ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးအပေါ် ထပ်တိုးကန့်သတ်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့၏။[4]
ဒေးဗစ် ကင်မရွန်း နုတ်ထွက်ပြီးနောက် မေသည်ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီး ဗြိတိန်၏ဒုတိယအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ သူမသည် ဥရောပသမဂ္ဂသဘောတူစာချုပ် အပိုဒ် ၅၀ကို စတင်အသုံးချကာ ယူကေကို ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးလုပ်ငန်းစဉ်ကို မတ်လ ၂၀၁၇ ခုနှစ်တွင်စတင်ခဲ့သည်။ ဥရောပသမဂ္ဂမှနုတ်ထွက်ခြင်း စေ့စပ်ညှိနှိုင်းမှုတွင် သူမပါဝင်ရုပ်လုံးဖော်မည့် အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန်ရည်ရွယ်ချက်၊ သူမ၏ခိုင်မာတည်ငြိမ်သော ခေါင်းဆောင်မှုမီးမောင်းထိုးပြရန်ရည်ရွယ်ချက်များနှင့်အတူ မေလတွင် ရှောင်တခင်ရွေးကောက်ပွဲတစ်ခုကို ၂၀၁၇ ယူကေအထွေထွေရွေးကောက်ပွဲ ဟုကြေညာခဲ့သည်။[5][6] ၁၉၈၃ယူနိုက်တက်ကင်းဒမ်း အထွေထွေရွေးကောက်ပွဲမှအစပြု၍ ဤပါတီသည် အမြင့်ဆုံးဆန္ဒမဲရရှိထားသောပါတီဖြစ်သော်လည်း ဤရွေးကောက်ပွဲသည် ကွန်ဆာဗေးတစ်ပါတီ၏လွှတ်တော်အမတ်နေရာ ၃၃၀ မှ ၃၁၇ သို့ကျဆင်းသွားစေသည်။ မဲအများစုဆုံးရှုံးမှုများကြောင့် သူမသည် လူနည်းစုအစိုးရတစ်ရပ်ကို အယုံအကြည်ရှိ၍ ထောက်ခံခြင်းသဘောတူညီမှု (confidence and supply arrangement) အရ [မှတ်စု 2] Democratic Unionist Party (DUP) နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ လူနည်းစုအစိုးရကိုဖွဲ့စည်းနိုင်ခဲ့လေသည်။ ၂၀၁၈ ဒီဇင်ဘာလတွင် ကွန်ဆာဗေးတစ်ပါတီ၏ နောက်တစ်ကြိမ်ခေါင်းဆောင်မှုဆိုင်ရာရွေးချယ်မှု (ကွန်ဆာဗေးတစ်အမတ်များမှအယုံအကြည်ကင်းမဲ့ခြင်းအဆို - vote of no confidence from Conservative MPs) နှင့် ၂၀၁၉ ဇန်နဝါရီလ မေ၏အစိုးရအဖွဲ့အပေါ် ပါလီမန်မှအယုံအကြည်ကင်းမဲ့ခြင်းအဆို( Parliamentary vote of no confidence) မဲပေးမှုများကို ကျော်ဖြတ်နိင်ခဲ့သည်။ ယူကေကို ဥရောပသမဂ္ဂမှနုတ်ထွက်ရေးကို အကျိုးသက်ရောက်စေသော အစိုးရ၏ စက္ကူဖြူအစီအစဉ် (သို့) (Chequers_plan Chequers Agreement) သဘောတူညီချက်ကိုလုပ်ဆောင်ရင်း ဥရောပသမဂ္ဂနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့၏။ ဤစေ့စပ်ညှိနှိုင်းမှုသဘောတူညီချက်များကို ပါလီမန်ကသုံးကြိမ်ငြင်းပယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် အောက်လွှတ်တော်၏ နောက်တန်းထိုင်ခုံနေရာတွင် ထိုင်သူအဖြစ်ဆက်လက်တာဝန်ထမ်းလျက် ရှိသည်။[မှတ်စု 3]