ထရန်စစ်စတာ ဆိုသည်မှာ အီလက်ထရွန်းနစ် ဆစ်ဂနယ် နှင့် ပါဝါတို့ကို ချဲ့ထွင်ပေးနိုင်သည့် ကိရိယာနှင့် အဖွင့်အပိတ် လုပ်ပေးနိုင်သည့် တပိုင်းလျှပ်ကူးပစ္စည်း အမျိုးအစား တစ်မျိုး ဖြစ်သည်။ ၎င်း၏ တည်ဆောက်မှုထဲတွင် တပိုင်းလျှပ်ကူးပစ္စည်းများ ပါဝင်ပြီး ပြင်ပ ပတ်လမ်းများနှင့် ချိတ်ဆက်နိုင်ရန် အတွက် အနည်းဆုံး ခြေထောက် ၃ ချောင်း ပါရှိသည်။ ထရန်စစ်စတာ၏ ခြေထောက်တစ်စုံသို့ ဗို့အား (သို့မဟုတ်) လျှပ်စီး ပေးပို့ခြင်းအားဖြင့် အခြား ခြေထောက် တစ်စုံတွင် စီးဆင်းနေသော လျှပ်စီးလမ်းကြောင်းကို ထိန်းချုပ်နိုင်သည်။ ထိန်းချုပ်ထားသော အထွက် လျှပ်စီးသည် အဝင် လျှပ်စီးထက် ပိုများလေ့ ရှိသဖြင့် ထရန်စစ်စတာကို ပါဝါ ချဲ့ထွင်ပေးသော ကိရိယာ အဖြစ် ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ယနေ့ခေတ် အခါတွင် ထရန်စစ်စတာ များကို တစ်ခုချင်း တွေ့နိုင်သကဲ့သို့ အိုင်စီပတ်လမ်းများ အတွင်း မြှုပ်နှံ ထည့်သွင်းထားခြင်း လည်း ဖြစ်နိုင်သည်။

Thumb
ထရန်စစ်စတာများ (အထက်မှ အောက်): TO-3, TO-126, TO-92, SOT-23

ထရန်စစ်စတာသည် ခေတ်သစ် အီလက်ထရွန်းနစ် ကိရိယာများ၏ အခြေခံ အစိတ်အပိုင်းဖြစ်ပြီး ခေတ်သစ် အီလက်ထရွန်းနစ် စနစ်များတွင် နေရာ အနှံ့အပြား တွေ့ရသည်။ ၁၉၅၀ ခုနှစ် ၎င်းကို စတင် တွေ့ရှိခဲ့ချိန်မှစ၍ ထရန်စစ်စတာကြောင့် အီလက်ထရွန်းနစ် နယ်ပယ် တစ်ခေတ်ဆန်းခဲ့ပြီး ပိုမိုသေးငယ်ပြီး တန်ဖိုးနည်းသော ရေဒီယို၊ ဂဏန်းတွက်စက်၊ ကွန်ပျူတာ နှင့် အခြားသော ကိရိယာများကို ထုတ်လုပ် လာနိုင်ခဲ့သည်။

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.