ထန်းစေ့မှုတ်လည်နက်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ထန်းစေ့မှုတ်လည်နက် (Podiceps nigricollis) သည် ထန်းစေ့မှုတ်ငှက်မျိုးနွယ် ငှက်ဖြစ်ပြီး အင်းဆက်များကို အဓိက စားသုံးကြသည်။ ကန်ရေပြင်များတွင် အသိုက်ဆောက်လေ့ရှိပြီး သားပေါက်ရာသီတွင် ဥ ၁ လုံးမှ တခါတရံ ၃-၄ လုံးအထိ ဥလေ့ရှိသည်။ ရက်ပေါင်း ၂၁ ရက်ကြာသောအခါ သားပေါက်ကြပြီး ၁၀ ရက်ခန့်ကြာပါက မိခင်နှင့် သားပေါက်ကလေးများ ခွဲကြသည်။ သားပေါက်ကလေးသည် ရက်သတ္တပတ် ၃ ပတ်ခန့်ကြာသော် အတောင်စုံကြသည်။
Black-necked grebe | |
---|---|
Subspecies nigricollis, adult breeding plumage | |
Subspecies nigricollis, adult non-breeding plumage | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Podicipediformes |
မျိုးရင်း: | Podicipedidae |
မျိုးစု: | Podiceps |
မျိုးစိတ်: | P. nigricollis |
ဒွိနာမ | |
Podiceps nigricollis Brehm, 1831 | |
Range of P. nigricollis Breeding Resident Passage Non-breeding |
ထန်းစေ့မှုတ်လည်နက်ငှက်များသည် ပျံသန်းခြင်းကို ပုံမှန်အားဖြင့် ရှောင်ရှားကြသော်လည်း ဆောင်းခိုကာလတွင် ၆,၀၀၀ ကီလိုမီတာ (၃,၇၀၀ မိုင်) အထိ ပျံသန်းသွားလာကြသည်။ လိုရာခရီးသို့ရောက်ပြီးပါက အစာရေစာ ဝလင်စွာ စားသောက်ရသောကြောင့် ၂ လခန့်အထိ မပျံသန်းတတ်ကြတော့ပေ။ ယင်းအချိန်တွင် ကိုယ်အလေးချိန် ၂ ဆခန့် ရောက်ရှိကြသည်။ ယင်းဆောင်းခိုကာလသည် အန္တရာယ်များပြီး တခါတရံ ထောင်ချီသော ထန်းစေ့မှုတ်လည်နက်ငှက်များ သေဆုံးကြရသည်။ နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ယင်းငှက်အား မျိုးသုဉ်းအန္တရာယ် အနည်းဆုံးစိုးရိမ်ရသောငှက်မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မတ်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[2] ထန်းစေ့မှုတ်လည်နက်ငှက်များကို အာဖရိကတိုက်၊ ယူရေးရှားနှင့် အမေရိကတိုက်များတွင် တွေ့ရှိရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.