ထင်း
မီးအတွက်ထင်းအသုံးပြုခြင်း / From Wikipedia, the free encyclopedia
ထင်းသည် လောင်စာအဖြစ် အသုံးပြုစုစောင်းထားသည့် သစ်ထွက်ပစ္စည်းဖြစ်သည်။ အကိုင်းနှင့်အတုံးများကို ထင်းအဖြစ် အသုံးပြုကြသည်။ ထင်းများတွင် အစိုနှင့် အခြောက်နှစ်မျိုးရှိသည်။ ၎င်းကို အမာနှင့် အပျော့ဟူ၍ ပုံမှန်အားဖြင့် နှစ်မျိုးနှစ်စားခွဲခြားထားသည်။
ထင်းသည် ပြန်လည်ကာ အသုံးပြုနိုင်သည့် ပစ္စည်းဖြစ်သည်။ သို့သော်လည်း လောင်စာအတွက် လိုအပ်ချက်သည် မြင့်မားလာသည့်အတွက်ကြောင့် ထင်းကို ပြန်လည်ကာ အသုံးပြုနိုင်ရန် စီစဉ်လာကြသည်။ သစ်ထုတ်လုပ်ငန်းတိုးတက်လာမှုနှင့် ကိရိယာပစ္စည်းများ အဆင့်မြင့်လာမှုသည် ဒေသ၏ သစ်သားထုတ်လုပ်မှုကို တိုးတက်လာစေသည်။